part-54

9.6K 1.1K 43
                                    

ကြင်ယာတော်ကြီးဟာ ညရောက်သောအခါ Baku နဲ့ ရေအတူချိုးနေပါသည်

ကြင်ယာတော်ကြီးဟာ Baku လေးကို ချစ်မြတ်နိုးနေပုံရသည်

သူ့သားနှစ်ကောင်ဟာ သူနဲ့တူလို့ အလွန်လည်ပြီး လူဆိုးတစ်ပိုင်းကောင်တွေမို့ ငယ်စဉ်ကတည်းက ဝအောင်မချစ်ရသေးခင် ထိန်းရခက်သည်

ကြင်ယာတော်ကြီးဟာ အလွန်ထက်မြတ်သော အမြင်ကတ်ချင်စရာ သူ့ကလေးများကို ထိန်းရင်း ကလေးနဲ့ တစ်လှည့်စီ ရန်ဖြစ်နေလေ့ရှိသည်

Sim ဆိုသည်မှာ ရေကန်ထဲစိမ်ပြီး အပြစ်ပေးခံရတာတောင် လိင်မြို့တော်မှာ သွား သွားကဲနေဆဲသူပါ

အရင်က Ashoရယ် Jimရယ် Simရယ် ဟာ ကြင်ယာတော်တွေ ဖခမည်းတော်တွေ မသိသော အတွဲလိုက် ပြဿနာအရှာဆုံး လူဆိုးသုံးကောင်ပါ

သုံးယောက်တွင် Jim သည် အရွယ်ရောက်လာသောအခါ အိမ်ရှေ့စံဘွဲ့ရသည်

ဘုရင်လောင်းအဖြစ် သင်ယူရန် ခုံရုံးအမတ်ကြီးများ လက်ထဲအပ်တော့မှ စိစိညက်ညက်ကြေပြီး ပိပြားစွာ ငြိမ်သွားသည်

Asho နဲ့ Sim ကတော့ အရွယ်ရောက်လေ တိုင်စာများ မပျက်လေပါ

Asho ဟာ သူမျက်စိထဲ နောက်လာလျှင် အိမ်ကိုပါ အလုံးလိုက် မီးရှို့လာတတ်သည်

Asho ရှေ့က လုပ်သမျှကို Sim က အနောက်ကနေ ပံ့ပံ့ပိုးပိုး သူငယ်ချင်းကောင်း ပီသစွာ မီးမြိုက်ပေးသည်

ကလေးဘဝကတည်းက လစ်ရင် လစ်သလို သူ့အား တစ်ပတ်ရိုက်တတ်သော သားတော်များကြောင့် ကြင်ယာတော်ကြီးဟာ အေးဆေးစွာ မနေခဲ့ရပါ

ကလေးရယ်လိုလည်း နွေးနွေးထွေးထွေး ချစ်ရသည့်အချိန်ထက် ဒေါသထွက်လို့ စိတ်ကို ဖြေလျော့နေခဲ့ရသည့် အချိန်က များပြားလှပါသည်

ထို့ကြောင့် Moonလေးက စကားနားထောင်တတ်သော နုံအအ Baku လေးကို မွေးပေးထားသောအခါ ကြင်ယာတော်ကြီးဟာ သဘောကျနေပုံရသည်

Baku လေး၏ကျောကုန်းအား ရေချိုးရင်း ချေးပါတွန်းပေးနေသည်

Baku ဟာ ကြင်ယာကြီး ပေါင်ကြားထဲမှာ ငုတ်တုတ်လေး ထိုင်နေသည်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now