part-12

10K 970 5
                                    

Seri Jim ရေစိမ်နေတဲ့ ရေချိုးဆောင် ကန်ရှိရာကို ဝင်လာတယ်

Jim က သူရောက်လာတော့ ရေကန်ထဲကနေ ပြုံးပြတယ်

မွှေးပျံ့နေသော ရနံ့တို့နှင့် ရေငွေ့တွေကြားမှာ Jim ရဲ့ ခန္ဓာကိုယ်ကို ပွင့်ဖက်တွေကြား အတိုင်းသားမြင်ရတယ်

သူ့ထက်ငယ်သော Jim ဟာ ဆံပင် အနက်တွေနဲ့ တခြားနဲ့မတူသော ထွားကြိုင်းတဲ့ လက်မောင်းတွေ ရှိတယ်

ဆင်းသက်လာသော မျိုးရိုးအတိုင်း တောင့်တင်းတဲ့ ကြွက်သားတို့ ရှိတယ်

ဒါပေမယ့် Jim ဟာ တစ်ခါတစ်လေမှာ ခက်ထန်ပြီး တစ်ခါတစ်လေမှာ ရူးမိုက်နေတယ်

Seri ဆိုတဲ့ နာမည်ကို ရယူဖို့ အားထုတ်နေသူ Jim ဟာ

ညှို့ယူနေသလို နက်မှောင်နေသော မျက်လုံးတွေနဲ့ Seri အတွက် မိုက်မဲစွာ တောက်ပနေတတ်တယ်

်Seri ရဲ့ ရွှေရောင် မျက်လုံးတွေကတော့ Jim ရှေ့ရောက်ရင် သေနေသူလိုပင်

Seri ရေကန်အနား ရောက်လာတော့ Jim ရေကန်ထဲက တတ်လာတယ်

ပြီးတော့ သူရဲ့ စိုရွှဲနေသော ဆံပင် အနက်တွေနဲ့ ခပ်ပါးပါးလွှားလိုက်သော အဖြူရောင် အကျီ

နောက်တော့ သူ့အနားကပ်လာတယ်

"ငါ့ဆီ လာတာလား ~~~~"

Seri မျက်ဝန်းတို့ကို မှိတ်လိုက်မိတယ်

"inm!!"

Jim က သူရဲ့ ဆံပင်လေးဖျားတွေကို ဆုပ်ကိုင်ဖို့ လုပ်လိုက်တယ်

Seri လှည့်ကြည့်လိုက်တယ်

Jim အနောက်ဆုတ်သွားတယ်

"ငါက မင်းရဲ့ ဆံပင်တွေကို သဘောကျလို့ပါ"

Jim အနောက်ပြန်လှည့်သွားပြီး အနားက ဝိုင်ပုလင်းထဲက ဝိုင်ကို ဖန်ခွက်ထဲ ထည့်သောက်လိုက်တယ်

ထိုနောက်
စူးရှနေသော Jimရဲ့ ခပ်သြသြ အသံ--

"ဘယ်သူအတွက်လဲ"
"Seri"

Seri မျက်လုံး ပြန်ဖွင့်လိုက်တယ်

Jim ထပ်မေးလိုက်မိတယ်

"Asho အတွက်​လား ??"

Seri ငြိမ်သက်နေတယ်

Jim သူ့ပါးစပ်ထဲကို ဝိုင်ထပ်မော့လိုက်မိတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now