part-78

9.5K 959 34
                                    

ဘုရင်​မည်​သည်​ ကတိမဖျက်​ရပါ

Siaဟာ Moon​လေးအား မဖြစ်​မ​နေ ကြင်​ယာငယ်​​မြောက်​ရ​လေပြီ

Aita ထိုအ​ကြောင်းအရာအား ပြည့်​စုံစွာ မသိရှိ​သေးပါ

Siaက ကြင်​ယာငယ်​အ​ဆောင်​ ပြင်​ဆင်​​နေသည့်​အတွက်​ Aita ​ယောက်​ယက်​ခတ်​​နေရှာသည်

သူငါ့ကို မချစ်​​တော့ဘူးလား---

ဘယ်​သူကို ကြင်​ယာထပ်​တင်​မှာလဲ---

ငါက သူ့အတွက်​ မပြည့်​စုံလို့လား---

ဘုရင်​မှန်​လျှင်​ ကြင်​ယာ​တော်​နှစ်​​ယောက်​ ယူခွင့်​ရှိသည်​က မှန်​​သော်​လည်း Aita​​လေးခမျာ ပူ​လောင်​​နေသည်

Siaက မိမိအား မတရား သိမ်းပိုက်​ထားသည်​ မှန်​​သော်​လည်း ယခုအချိန်​မှာ ကြင်​ယာ​တော်​တစ်​​ယောက်​အ​နေနဲ့ Siaအား ချစ်​မြတ်​နိုးပါသည်

ကြင်​ယာငယ်​တင်​​မြှောက်​သည်​ကို ဘာမှလည်း​ပြောခွင့်​မရှိဘဲ Aita အ​ဆောင်​​တော်​ထဲမှာ ​နေမထိထိုင်​မသာ ဖြစ်​​နေသည်

သူက ဘယ်​သူလဲ----

ဘယ်​သူမို့လဲ!

ဘယ်​သူမို့ ပြည့်​စုံ​နေတဲ့ ငါနဲ့ ယှဉ်​ပြီး Siaက ကြင်​ယာ​တော်​ တင်​တာလဲ---

မတင်​မကျ စိတ်​တွင်​ ဝမ်းနည်းမှုနှင့်​ ​ဒေါသ​လေးများ ​ရောပါ​လာသည်

"​ပြော​တော့ ငါတစ်​​ယောက်​တည်းကိုပဲ ချစ်​တယ်​ဆိုပြီး​တော့"

တစ်​​ယောက်​တည်း မျက်​ရည်​​လေး စမ်းတန်း စမ်းတန်းနှင့်​ Aita ​လျှောက်​​တွေး​နေခဲ့သည်

"ငါ့ကို သူအထီးကျန်​မှာစိုးလို့ တမင်​အနားမှာ ကြင်​ယာ​ကောက်​ထားခဲ့တာလား~~"

"အခု မလိုအပ်​​တော့ဘူး​​ပေါ့~~"
"အဲ့လိုလား~~"

"အစကတည်းက ငါက ကြင်​ယာ​တော်​တစ်​​ယောက်​လိုမှ မပြည့်​စုံတာ~~"

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now