part-7

11.4K 1K 1
                                    

Moni မြေအောက်ခန်းကနေ အပေါ်ကို ပြေးတတ်လာသည်... Moni သူ့ကိုယ်ပေါ်က ဝတ်ရုံကိုဆွဲခွာပြီး တန်းစီနေတဲ့ လူတွေကြားထဲ မတ်တပ်ပြေးရပ်လိုက်တယ်.. သူငယ်ချင်းကို အစာခိုးကျွေးရသည့် မောပန်းနေသော ခန္ဓာကိုယ်ကို သပ်သပ်ရပ်ရပ် လုပ်လိုက်ရင်း Moniနဖူးက ချွေးတွေကို လက်ကိုင်ပုဝါနဲ့ သုတ်လိုက်တယ်

မကြာခင် ဧည့်သည်လာတော့မည်

ဝင်လာခဲ့တဲ့မြေအောက်ထပ် တံခါးဝကို Moniလှမ်းကြည့်နေမိတယ်.. သူခိုးထားတဲ့ပေါက်စီလေး Bakuအခုလောက်ဆို စားနေလောက်ပြီပေါ့.. Moni ကောင်းမွန်စွာ အသက်ရှုရင်း ပြန်ငြိမ်နေလိုက်၏

Bakuကို မနေ့က လူတစ်ယောက်ဟာ ရွှေတွေအများကြီးနဲ့လဲပြီး နေရာရွေ့ခိုင်းထားသည်.. မြင်းနက်ကြီးတစ်ကောင်ပါသော ထိုလူကိုမသိပေမယ့် တန်ဖိုးကြီးပေးပြီးနောက် သတ်တမ်းကုန်ခါနီး Bakuကို Grafiftyက အချုပ်ထဲကို ခေါ်သွား၏

ဘာကြောင့်များ ဒီလိုမျိုး ရွေ့လိုက်လဲ မသိပေမယ့် Baku ကိုအစာလည်းမကျွေးဘူး

သူများချောက်ချမှုကြောင့် အချိန်တိုင်း သံတိုင်တွေကြားမှာ အိပ်ရတဲ့ Bakuဟာ နောက်ဆိုဒီထက်ပိုကောင်းတဲ့နေရာကို ရောက်မှာလား.. Bakuဟာ စကားလည်းနည်းပြီး သူ့ကိုနာကျင်အောင်လုပ်မှာလည်း ကြောက်တတ်သူဖြစ်သည်.. ကြမ်းတမ်းရက်စက်တဲ့ သခင်နဲ့ မတွေ့စေချင်ဘူး

သူတို့နှစ်ယောက်ကို Grafiftyက လူတွေကအချိန်တိုင်း ခြောက်လှန့်ကာ လိုအပ်သည်ထက်ပိုပြီး ဖိခိုင်းလေ့ရှိတယ်.. Moni အတွေးနယ်ချဲ့နေတုန်း လူတစ်ယောက် ရောက်လာတယ်

ပြီးတော့ သူ့အနောက်မှာ အစိမ်းရင့်ရောင် ကတ္တီပါသားကို တစ်ကိုယ်လုံး ခြုံထားသော အသက်ကြီးကြီး လူတစ်ယောက်လည်းပါတယ်.. ထပ်ပြီး အခြွေအရံတွေလို့ယူဆလို့ရတဲ့ဝတ်စုံနဲ့ လူကောင်ကြီးကြီးတွေဟာ စောင့်ကြပ်နေတယ်

Moni ခေါင်းလေး ပြူပြီး ကြည့်လိုက်မိတယ်

"ထပ်ပြီး ချမ်းသာတဲ့လူတွေ ရောက်လာပြန်ပြီပဲ!!"
"ငါ့ကိုဝယ်သွားရင် ကောင်းမယ်"

Moni စိတ်ကူးယဉ်လိုက်မိရင်း လက်သုတ်ပဝါအဖြူလေးကို လက်ပေါ်တင်ကာ လင်ဗန်းလေး ဘေးမှာ ကပ်ကိုင်ပြီးး ဧည့်သည် အနောက်လိုက်သွားလိုက်တယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now