part-81

10.8K 1K 31
                                    

Kuku​လေး နန်းတွင်းထဲ​နေရသည့်​အချိန်​၌ Bakuဟာ ခင်​မင်​ရာ Kukuဆီသို့သာ သွားသည်​

ငယ်​ငယ်​ကတည်းက​စောင့်​ရှောက်​မှု​တွေ​ပေးခဲ့​သော Soraဟာ Bakuအတွက်​ဖခင်​လိုပင်​

Ashoနဲ့လည်း ရင်းနှီး​ပြီးဖြစ်​သည်​မို့ နန်းတွင်းထဲ၌ အ​ဖော်​ကောင်း​တွေဆုံ​နေသည်​

မင်းသားငယ်​Sim၏ နန်း​ဆောင်​သည်​အရင်​ကလို မတိတ်​ဆိတ်​တော့ပါ

Soraက​တော့ Jimရှိ​နေ၍ အနည်းငယ်​အရင်​က​လောက်​မတတ်​ကြွ​တော့ပါ

အရင်​က Simဟာ Soraနှင့်​ထုလိုက်​ထောင်းလိုက်​နေပြီး Kukuကိုလည်း ရင်​ခွင်​ထဲက မလွှတ်​တမ်းဖက်​ထားတတ်​သည်​

အခု​တော့ Jimရှိ​နေလို့ သုံး​ယောက်​သား အိ​နြေ္ဒရ​နေသည်​

Seriက Jimအနားတွင်​ကောင်းမွန်​စွာ ရှိ​နေသည်​

Ashoနှင့်​အတူရှိ​နေရသည့်​ခံစားချက်​ဟာ အရင်​လို မသက်​မသာခြင်း​တွေ မရှိ​တော့ပါ

ပုံမှန်​ထပ်​ပိုလာသည်​က Bakuဟာ Ashoအား မခွာတမ်းတွယ်​ကပ်​နေတတ်​သည်​

နှစ်​ယောက်​တည်း ရှိ​နေချိန်​တွင်​ပိုလိုဆိုးသည်​

Asho၏ ပ​ယောဂမပါဘဲ Bakuဟာ Ashoအား​ကော်​နှင့်​လိုက်​ကပ်​ထားသလို ဖက်​တွယ်​နေတတ်​သည်​

နှစ်​ယောက်​သား ပ​ရော်​ပလီလုပ်​ကာ တစ်​ခိခိနဲ့ ရယ်​နေတတ်​သည်​

ထိုမြင်​ကွင်းသည်​အားလုံးအတွက်​ပုံမှန်​ဖြစ်​သော်​လည်း Jim က မျက်​စောင်းထိုး​နေသည်​

ကြင်​ယာ​တော်​Moon​လေးသည်​မိမိ၏ ဖခင်​Siaအား ငယ်​သူပီပီ ထိုကဲ့သို့ ချွဲချွဲနွဲ့နွဲ့​လေး တွယ်​ကပ်​နေတတ်​သည်​

ထိုအခြင်းအရာကို ဖခင်​Siaလည်း သ​ဘောကျသလို ဖခင်​Aitaလည်း ဘာမှမ​ပြောစွာ နှစ်​လို​နေတတ်​သည်​

Baku​လေးလည်း အ​ဖေနဲ့တူ​တော့ ဒီ​လောက်​တော့ ရှိမှာ​ပေါ့ဟု ဆို​သော်​လည်း သုံးမျိုးစပ်​သ​န္ဓေသားများ၏ အကျင့်​လက္ခဏာများ ဖြစ်​နေမည်​ကို Jim စိုးရိမ်​မိသည်​

Baku ၏ အ​နေအထိုင်​ပုံစံအား​ဝေခွဲ၍ မရပါ---

​သွေးသား​မျိုးရိုး​ကြောင့်​လားး သ​န္ဓေ​ကြောင့်​လားး
သို့မဟုတ်​လိင်​လုပ်​သား​တွေ လက်​ထဲ​နေလားလို့များလား

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now