part-73

9.8K 1.1K 48
                                    

ည​ရောက်​သောအခါ Aita Maku စံအိမ်​ကို​ရောက်​သွားသည်​

​တော်​ဝင်​အဆင့်​အတန်း​အ​နေနှင့်​တည်းခိုစရာ အိမ်​ဆောင်​တော်​၏ အဆင့်​သတ်​မှတ်​မှုဟာ Maku အိမ်​တော်​သည်​အမြင့်​ဆုံးဟု ဆိုနိုင်​သည်​

Aita​ရောက်​လာ​သောအခါ လထွက်​ချိန်​လှပစွာ ပြင်​ဆင်​ပြီး ဧည့်​သည်​တို့ကို​စောင့်​ဆိုင်း​နေ​သော လိင်​လုပ်​သား​လေးများကို​တွေ့ရသည်​

Maku ၏ လုပ်​သား​လေးများဟာ​တော်​ဝင်​လုပ်​သား​လေးများထက်​ပင်​ပိုမိုပြီး လှပကြ​သေးသည်​

​သူတို့၏ တည်​ငြိမ်​မှုမရှိ​သော သွက်​လက်​ခြင်း​လေးများက ပိုမိုစွဲ​ဆောင်​မှုရှိ​နေ​စေသလား

ဟင်​မ်​~~

Aita ဝင်​လာ​သောအခါ Aitaနှင့်​စစ်​သူရဲ​ကောင်း သုံး​ယောက်​ကို မည်​သူမှ မသိကြပါ

Aita စားပွဲဝို​င်းတစ်​ခုမှာ ထိုင်​လိုက်​သည်​

Kamina လှမ်း​အော်​လိုက်​သည်​

"Sora​ရေ ဧည့်​သည်​အသစ်​ရောက်​လာတယ်​~~~"

"အယ်​~~~!!"
"Soraက ဝယ်​သူရှိလို့ မလုပ်​ရ​တော့ဘူး​လေ~~"
"မင်းမအားဘူးလား"

"ငါမအားဘူး"
"ငါ့ ဧည့်​သည်​က တစ်​ပတ်​စာ စရံ​ပေးသွားတယ်​"
"သူလာချင်​တဲ့အချိန်​လာမှာမို့ တခြားလူ လွှတ်​လိုက်​လေ~~"

"အဲ့ဒါဆို အကုန်​စရံ​တွေနဲ့ ပြည့်​နေတယ်​ထင်​တယ်​!"
"ခဏ​နေဦး လူစာရင်းလှန်​ကြည့်​လိုက်​ဦးမယ်​"
"အငယ်​လေး​တွေ ရှိ​လောက်​တယ်​"

"မြန်​မြန်​လုပ်​~~!!"

သူတို့ လိင်​လုပ်​ငန်း​ဖျော်​ဖြေမှုဟာလည်း စာရင်းဇယား အလှည့်​ကျနဲ့ပါလား

Makuတွင်​အထက်​တန်း လိင်​လုပ်​သားတစ်​ရာ​ကျော်​နှင့်​အ​ခြေခံ လိင်​လုပ်​သား နှစ်​ဆယ်​ကျော်​ရှိသည်​

အ​ခြေခံလုပ်​သား​လေးများဟာ နှစ်​ဆယ်​နှစ်​အောက်​ငယ်​ရွယ်​သူများဖြစ်​သည်​

ငယ်​ရွယ်​ကြ​သေးသည်​မို့ ဧည့်​သည့်​ကို ကိုယ့်​စိတ်​ကြိုက်​လက်​မခံရ

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now