part-25

9.4K 1K 5
                                    

Baku Asho နှင့်အတူ ဈေးထဲရောက်လာခဲ့တယ်

မွေးပျံ့နေသော စားစရာတစ်ချို့၏ ရနံ့များနှင့် Baku ဟာ လူကြားထဲမှာ ရောနှောပြီး ပျောက်သွားမလား အောက်မေ့ရသည်

Asho ဟာ အရှေ့ကနေ သူပုံစံအတိုင်း အထက်တန်းလွှာအိမ်တော်မှ သခင်လေး တစ်ဦးလို့ သွားနေတယ်

Asho ဟာ သူ့မျက်နှာကို ယပ်တောင်လေးနဲ့ ကွယ်ပြီး ဟိုသွားလိုက် ဒီသွားလိုက် လုပ်နေတယ်

Baku ဟာ စုံလင်လှသော ရောင်စုံ အထည်အလိပ်များနှင့် ဈေးဆိုင်များမှာ ချိတ်ဆွဲထားသော အလှအပ ပစ္စည်းငယ်လေးများကို ငေးရင်း Asho အနောက်ကနေ လိုက်လာတယ်

Asho Baku ကို မျက်လုံးလေး စောင်းကြည့်လိုက်တယ်

Baku ဟာ အလွန်လှပသော ကြွေထည် ပစ္စည်းများ အလှအပ အဆင်တန်ဆာများကို ငေးနေတယ်

ရုတ်တရက် Baku ဟာ Asho အနားက ပျောက်သွားတယ်

"Baku--"
"ဘာစားချင်လဲ---!"
"inm!!"

Asho Baku ကို ပြန်လှည့်ကြည့်လိုက်တော့ Baku အနားမှာ မရှိတော့ပေ

Baku ကို ရုတ်တရက် မတွေ့တော့လို့ Asho ဟိုကြည့် ဒီကြည့်ရှာလိုက်တယ်

"Baku!!"

Asho Baku ပျောက်သွားလို့ ဈေးထဲ ပြေးပြီး ရှာလိုက်တယ်

"Baku!!!!!"

Baku ကို သူမမြင်ရတော့ပေ--

"Baku))))"

Asho ဟာ လူတွေကြားမှာ အချိန်ကြာမြင့်စွာ Baku ကို ရှာပြီးနောက် Baku ကို ပန်းဆိုင်လေးထဲမှာ တွေ့လိုက်ရတယ်

"ဟင်-- Baku--"

Asho မောပန်းစွာ ပြေးသွားလိုက်တယ်

Baku ဟာ ပန်းစည်းလေး ပိုက်ပြီး ဆိုင်ထဲကနေ ထွက်လာတယ်

Asho ဟာ ဒေါသဖြစ်စွာ Baku ကို ကြည့်လိုက်တယ်

"ပန်းလေးတွေ လှတယ်မလား"
"Asho--"

Asho ဟာ Baku လက်ထဲက ပန်းစည်းကို ဆက်ခနဲ ယူပြီး အပွင့်တွေ ခြွေပစ်လိုက်တယ်

စွပ် စွပ် နဲ့ လေထဲမှာ ခဏချင်း တစ်စစီ ဖြစ်သွားသော ပန်းပွင့်လေးများနင့်အတူ Baku မျက်ရည်လေးတွေ ဝဲပြီး Asho ကို ပြန်ကြည့်နေတယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now