part-52

9.7K 1.1K 27
                                    

Makuဟာ ညရောက်သောအခါ Ashoတစ်လောက တီးတာခံရပြီး ကျန်းမာရေး မကောင်းသဖြင့် အားရှိအောင် စောစောအိပ်သည်

မအိပ်ခင် နတ်ဘုရားများကို တိုင်တည်ပြီး ဆုများတန်းစီပြီး တောင်းလိုက်သေးသည်

သူအိပ်သောကြောင့် လုပ်သားများလည်း နားရသည်

"arr~~ ဒီနှစ်ထဲမှာ နားတာတွေ များနေလို့ စီးပွားပျက်တော့မှာပဲ"

Ashoက သူ့အိပ်ယာကို အပိုင်စီးထားသဖြင့် Maku ကြမ်းပြင်ပေါ် စောင်လေးခင်းပြီး လှဲအိပ်လိုက်သည်

များမကြာမှီ Makuဟာ သူ့အနောက်က နွေးထွေးခြင်းကို ခံစားရသဖြင့် လှည့်ကြည့်လိုက်သောအခါ Ashoက သူ့အိပ်ယာပေါ် ရောက်နေသည်

Maku အမှောင်ထဲ၌ မျက်လုံး မျက်ဆံပြူး ထထိုင်လိုက်သည်

"မင်း ငါ့အိပ်ရာပေါ်ဘာလာလုပ်တာလဲ!!!"

"အတူတူအိပ်ရအောင်"
"တစ်ယောက်တည်း အိပ်မပျော်လို့"

"omm~~ ထူးဆန်းလိုက်တာ!!"
"ငါ့ကို ရုတ်တရက်ကြီး လန့်သွားတာပဲ"

"Makuက ဘာထင်လို့လဲ"

"မင်းငါ့ကို တစ်ခုခုလုပ်မယ်ထင်နေတာ!!"
"မင်းက မယုံရဘူး!!"

Maku ပြန်လှဲအိပ်လိုက်သည်

"အိပ်နေတုန်း စိတ်ပေါက်ပြီး လည်ပင်းလာညစ်ချင် ညစ်မှာ"

ထို့နောက် ခဏအကြာ Asho ဟာ Makuကို ဖက်ပြီး ခွလိုက်သည်

Maku အိပ်နေရင်း မျက်လုံးပြူးရပြန်ပါပြီ

ထူးထူးခြားခြား သူ့ကို လာဖက်နေသည်

"Makuက Bakuလိုလည်း ဖက်လို့မကောင်းဘူး"

Asho ပြန်ထထိုင်နေသည်
Maku သဘောပေါက်စွာ လှည့်ကြည့်လိုက်သည်

ကုတင်စောင်းမှီကာ Makuကို ကျောပေးပြီး Asho မျောက်မှိုင်မှိုင်နေသည်

"အယ်~~ Baku မရှိတော့ အိပ်မပျော်ဘူးလား~~"

"inm~~"

"နှစ်ယောက်အိပ်နေရာက တစ်ယောက်တည်း ဖြစ်သွားလို့ အဆင်မပြေဘူး ထင်တယ်"
"အဖော်ရအောင် လုပ်သားတစ်ယောက်ကို ဘေးမှာ ခေါ်အိပ်ပါလား"

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now