part-11

9.9K 938 2
                                    

Asho မြင်းပေါ်က ဆင်းကာ မတ်တပ်ရပ်လိုက်တယ်

ခုံရုံးတော်----

သတ်မှတ်ရက် နီးကပ်လာခြင်းအတွက် လိုအပ်သော သန္ဓေသားကို ပေးအပ်ရတော့မည်

ဒါပေမယ့် Asho အဲ့ဒါကို ရွံတယ်!!
အဲ့ သန္ဓေကောင်လေးကိုလည်း မလိုချင်ဘူး

Asho ရောက်လာတော့ Seisho လှေကားပေါ်က ပြေးဆင်းလာတယ်

"Asho~~~~"

ကျောက်စိမ်းရောင် ဝတ်ရုံကို အပြည့်ဆင်ယင်ထားပြီး တန်ဖိုးကြီး ကျောက်မြတ်ရတနာတို့ကို ဝတ်ဆင်ထားတယ်

သူ့ကို မြင်တော့ စိုးရိမ်မှုကြီးစွာ အနားကပ်လာတယ်

"Asho~"

Asho တစ်ဖက်လှည့်ကာ ငြိမ်နေလိုက်တယ်

ချစ်မြတ်နိုးစွာ ဖန်ဆင်းထားသော နက်မှောင်သော မျက်ဝန်းတွေနဲ့ လှပသော လောကရဲ့ နတ်ဘုရားငယ်လေးဟာ အခုချိန်မှာ အရာရာကို မုန်းတီးနေတယ်

ပင်ပန်းမှု မောပန်းမှု စိတ်ဖိစီးမှု တို့နှင့်အတူ Asho
ပြောလိုက်မိတယ်

"!"
"Asho မျိုးရိုးနိမ့် စာရင်း အဝင်ခံလိုက်တော့မယ်"

"ဟင်"

"Asho))))))"

နောက်တော့ Seisho အနောက်ကနေ Xi ပြေးဆင်းလာတယ်

လှပသော အဖြူရောင် သိုးမွှေးဝတ်ရုံတို့ကို ခန်းနားစွာ ဆင်ထားတယ်

Asho ရဲ့ ခန္ဓာကိုယ်နဲ့ ဆွဲဆောင်မှုအားကောင်းသော မျက်ဝန်းနက်တို့ဟာ သူ့ဆီက ရထားတယ် ထင်ပ--

Asho ရဲ့  ဖခင်​ငယ် Xi ဟာ စိတ်သဘောထား နူးညံ့​ပေမယ့်​Asho က​တော့ ဆန့ကျင်​ဘက်​ပါ

Seisho ကတော့ ရဲရင့်ပြီး အရာအားလုံး ပြည့်စုံသလို သဘောထားလည်း ပြည့်ဝပါတယ်

Seishi ဖန်ဆင်းထားသော မူမမှန်​သန္ဓေကောင် လူဆိုး​လေးဟာ အတိတ်ဒဏ်ရာတွေကြောင့် သူအိမ်တော်ရဲ့ အနာဂတ်ကို ဖျက်စီးတော့မယ်

Seisho သူ့သားကို ပြောလိုက်တယ်

"ငါ ဖြေရှင်းပေးခဲ့တာမို့ ဘာမှတွေးမနေပါနဲ့"
"သတ်မှတ်ရက်ကို တိုးထားတယ်"
"အိမ်ပြန်ရအောင်!!!!"

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now