part-57

9.6K 1K 36
                                    

ကြင်ယာတော်ကြီးဟာ အတွင်းညစာ စားပွဲ၌ Asho၏ အိမ်သား ဖခင်များနှင့် စောင့်နေသည်

Ashoဟာ Bakuလေးကို လက်ဆွဲပြီး ခေါ်လာသည်

ရုတ်တရက် ထိုထမင်းဝိုင်း ခန်းမကြီးသည် နူးညံ့သော အနီရောင် မွှေးပွများကို ခင်းထားသည်

Bakuဟာ အနီရောင် အမွှေးများကို ကြောက်ပါသည်

ရုတ်တရက် ကြမ်းခင်းမြင်သည်နှင့် ဇောချွေးပြန်သွားသော Bakuလေး---

Asho ဟာ Bakuလေးကို ဆက်ခနဲခါးလေးကနေ မပြီး ပွေ့ချီလိုက်သည်

Bakuဟာ Ashoလည်ပင်းလေးကို ဖက်ပြီး ရင်ခွင်ထဲမှာ ပါလာသည်

ထမင်းစားပွဲ၌ Siaနှင့် Baku၏မိသားစုဝင်များ ပါသည်

ထို့အတူ Seriလည်း ထိုင်နေပါသည်
Simလည်း ရှိသည်

Simက Soraကို သူ့အနားခေါ်ထားသည်
အားလုံးကြားမှာ တစ်ယောက်တည်းသမား မဖြစ်ချင်ပါ

Soraဟာ ပန်းလေးလို လှအောင်ပြင်ထားသည်

Seriက Ashoကို မြင်သောအခါ Jimကို တွဲထားသည့် သူ့လက်ကလေးကို ဖြုတ်မလို တွဲမလို ချီတုံချတုံနှင့် ခေါင်းလေးငုံ့နေသည်

Jimဟာ သူ့လက်မောင်းမှ ခွာချင်နေသော Seriလက်ကို ဆက်ခနဲ သူ့လက်နဲ့ ဖိကပ်လိုက်သည်

Seriဟာ မျက်လုံးလေးများ ဆက်ခနဲ လှုပ်ရှားသွားပြီး ကြင်ယာတော်ကြီးအား လှမ်းကြည့်လိုက်ပါသည်

ကြင်ယာကြီး၏ မျက်လုံးမှေးမှေး တိုက်ရိုက် အကြည့်များကို မြင်သောအခါ Jimလက်မောင်းကို ပြန်ဖက်ပြီး ကျန်လက်တစ်ဖက်နှင့်ပါ အတူကိုင်ထားလိုက်သည်

ထို့နောက် ကြင်ယာကြီးအား ကြောက်သဖြင့် မျက်နှာလေးလွှဲကာ Jimအနား ပိုပြီးတိုးကပ်နေရှာသည်

ကြင်ယာကြီး၏ အကြည့်နှင့် Asho၏ အကြည့်တို့ ဆုံသွားကြသည်

Ashoဟာ Bakuလေးကို အောက်မချဘဲ မတ်တပ်လေး ရပ်ကာ အရိုအသေပေးသည်

Bakuဟာ Ashoလည်ပင်းအား အတင်းဖက်ပြီး အောက်ဆင်းချင်ပုံ မပေါ်ပါ

နုနယ်လှသော သူ့၏ ခြေဖဝါးလေးကို ကွေးညွတ်ထားသည်

ကြင်ယာကြီးဟာ သဘောကျစွာ ပြုံးလိုက်တယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now