part-30

10K 1.1K 29
                                    

ရွှေဖြင့်ပြုလုပ်ထားသော အလှဆီဘူးလေးကို Moshi သယ်ယူလာတယ်

အခန်းတွင်း မီးရောင်အောက်မှာ ကနုတ်ပန်းခတ် နဂါးအနွယ်များဖြင့် ဝင့်ကြွားနေသော တန်ဖိုးကြီး အလှဆီဘူး

ထိုအရာဟာ မချစ်သော သူကိုတောင် ချစ်လာစေရန် ရည်ရွယ်ကာ ကြင်ယာတော်အများစုဟာ အမျိုးမျိုးဖော်စပ်ပြီး အသုံးပြုကြသည်

သာယာသော အချစ်လမ်းကြောင်းမှာ ကိုယ့်လူဟာ ကိုယ့်ဘက်အမြဲရှိနေဖို့ အချိန်တိုင်း အားထုတ်တတ်ကြတာလည်း Defulo ရဲ့ ဓလေ့လေးတစ်ခုပါ

အမွှေးဆီ အလှဆီများဟာ အခဲ အရည် အဆီ အမျိုးမျိုးရှိပြီး မိမိကို မချစ်သောသူအား ချစ်ခင်လာစေရန် အတွေ့အကြုံရှိသော ပညာရှင်များကိုလည်း အခကြေးငွေဖြင့် အားထားနိုင်သည်

ထိုအဆီဘူးများဟာ ညစ်နွမ်းမှုများ အနည်းငယ်ပါပေမယ့် ဘုရင့် ကြင်ယာတော်များက အစ တရားဝင် ဖော်စပ် သုံးစွဲကြသည်

မသိမသာ သဘောကျစွာ မျက်ကွက်ပြုပေးထားသော ဈေးကွက်နှင့် ရိုးရာလေး တစ်ခုပါ

Pacilo အိမ်တော်မှ Moshi ဟာ ထိုအဆီဘူးများ ဖော်စပ်ရာ၌ အလွန်ကျွမ်းကျင်ပါသည်

"ဒါက အရင် နံ့သာဆီထက်ပိုပြီး စိမ့်ပါတယ် ကြင်ယာတော် Xi"

"သခင်လေးအတွက် ရည်ရွယ်ပြီး အချိန်ကြာ အောင်းပေးထားပါတယ်"

Xi ဟာ အဆီဘူးလေးကို ယူပြီးဖွင့်ကြည့်လိုက်တယ်

နောက်ထပ် မွှေးအီနေသော ရနံ့ဟာ အာရုံကို ချက်ချင်း ဖမ်းစားသွားပြန်တယ်

မှုန်မှိုင်းမူးယစ်မှုများနှင့် ခံစားချက်ဟာ နှာဖျားလေးမှာပင် တစ်ခဏချင်း ကောင်းမွန်လာစေတယ်

သို့သော် ထိုရနံ့ဟာ Asho စိတ်ကို လှုပ်ရှားလာစေပါ့မလား

အမွှေးရနံ့ပေါင်းများစွာနဲ့ အဆီဘူးများကို Baku လေးအတွက် တစ်ခုပြီး တစ်ခု စီစဉ်ပေးခဲ့သည်

Asho ဟာ Baku ကိုယ်လေးကို မွှေးတယ်ဆိုပြီး အနံ့ကိုတောင် နှာခေါင်းနဲ့ အနီးကပ်ရှုကြည့်လိုက်သေးသည်

သို့သော် နောက်ထပ် ဘာမှဖြစ်မလာပါ--

Asho ဟာ ကြင်ယာတော်ရလာတာ ကြာပြီ--

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now