part-56

9.9K 1.2K 35
                                    

Ashoဟာ ညတွင်းချင်းပင် မြင်းဖြင့် အပြေးနှင်လာခဲ့သည်

Moshiနှင့် အစေခံအပေါင်းအဖော်များဟာ Ashoနှင့်အတူ မိုးသည်းထဲမှ အချိန်မှီ အိမ်သို့ပြန်လာခဲ့ကြသည်

Defulo တောင်တန်းကြီးပေါ်၌ လွန်စွာအေးစက်လှသော ညနေကျိန်စာမိုး၏ ခပ်ပြင်းပြင်း ရွာသည်းမှုများအား မြင်းငါးကောင်ဟာ အအေးဒဏ်ကို အံတုနေခဲ့ကြသည်

ထို့နောက် လရောင်မထွက်ခင် Ashoဟာ Pacilo သို့ ပြန်ရောက်သွားခဲ့သည်

×××××

"Papa~~~"

Asho မိုးကာကို ဆွဲချွတ်ကာ အိမ်ထဲသို့ အပြေးဝင်သွားသည်

Xiက ဝတ်စုံတို့ အဆင်သင့် ယူလာကာ Asho အား ဆင်မြန်းပေးသည်

"မြန်မြန်လုပ်... ဟိုရောက်ရင် ကြင်ယာတော်ကြီး ရှေ့မှာ အချိုးပြေပြေနေ.... ကြားလား"

"ဟုတ်ကဲ့..."

ထို့နောက် လထွက်ချိန်၌ တော်ဝင်နန်းတော်သို့ သွားရန် လက်ဆောင် ပဏာများအား အမြန်ပြင်ဆင်ကြသည်

×××××

Moonလေးသည် ကြင်ယာတော်ကြီး၏ နန်းဆောင်သို့ ရောက်နေသည်

Bakuလေးရှိနေသည့် အချိန်မှစ၍ Moonလေးဟာ ကြင်ယာတော်ကြီးအဆောင်မှ မပြန်တော့ပါ

Bakuလေးဟာ ကိုယ်ပိုင်နန်းဆောင်လည်း နန်းတွင်း၌ မရှိသေးပါ

တစ်ယောက်တည်းခွဲနေရမည့် သက်တမ်းလည်း မပြည့်စုံသေးသောကြောင့် Bakuလေးဟာ ကိုယ်ပိုင် နန်းဆောင်ခွဲ မရှိသေးပါ

Bakuလေးဟာ ကြင်ယာတော်ငယ်လေးဆီမှာ ကပ်နေလိုက် ကြင်ယာကြီးထံမှာ ပြေးနေလိုက် ရင်အုပ်မကွာ နေရသည်

ယခု သင်ကြားမှုအတိုင်းအတာ လိုအပ်ချက်များအရဆိုလျှင် Bakuလေးဟာ ကြင်ယာငယ်လေးထံ မပြန်ရတော့ပါ

ကလေးအား ကြင်ယာကြီးက သူထားရှိသည့် စည်းဘောင်အတွင်းမှ ယိုင်ထွက်သွားမည်ကို မလိုလားသောကြောင့် ကြင်ယာငယ်လေးအား ကလေးကို ပြန်မပေးတော့ပေ

Simတုန်းကလည်း ကြင်ယာကြီးက သူမျက်စိအောက်မှာပဲ ထားခဲ့တာပါ

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now