Part-50

9.6K 1K 16
                                    

"ထိုမူမမှန် သန္ဓေသားတို့မည်သည် လောက၏ စည်းမျဉ်းများကို သဝေမတိမ်းလိုက်နာတတ်ကြ၏"

"ကိုယ်ပိုင်စည်းမျဉ်းများလည်း ထားရှိတတ်ကြ၏"

"စည်းစောင့်ရန် မွေးဖွားလာသူများ ဖြစ်၏"

"သို့သော် မတူညီသောပုံစံများဖြင့် စည်းမျဉ်းကိုလိုက်နာတတ်ကြသဖြင့် အလွန် အန္တရာယ်ရှိ၏"

"မမွေးဖွားသင့်သော အရာဖြစ်သည်"

"ထို့ကြောင့် Defulo၌ မူမမှန်သန္ဓေသားများ မမွေးဖွားရန် သတိပေးလေ့ရှိကြသည်"

Sim မြက်ခင်းပေါ် ပက်လက်လေးလှန်ကာ စာဖတ်လိုက်တယ်

Sora ဟာ Sim ဖတ်သော စာသံကို နားထောင်ရင်း အနားက မြက်ပင်ရှည်များကို ဖြတ်ကာ Kukuဝယ်လာသော ပန်းပွင့်တွေကို ကတ်ကြေးနဲ့ ညှပ်ပြီး ထိုးရင်း ပန်းခွေလုပ်နေပါသည်

သူတို့နှစ်ယောက် စံအိမ်ကြီးအနောက်ဖက် Defulo တောင်တန်းကြီး၏ တောစပ်လေးမှာ နေပူစာလှုံရင်း ဇိန်ကျနေပါသည်

ငှက်သံလေးများနှင့် နေပူပူဟာ အလွန်နွေးထွေးလှပါသည်

Maku၏ စာအုပ်စင်များမှ ယူလာသော ထူးဆန်းသော ခပ်နွမ်းနွမ်းအဖုံး ခပ်စုတ်စုတ် စက္ကူလေးများဖြင့် ချုပ်ထားသည့် စာအုပ်များ အထပ်လိုက်ကို Simဘေး၌ ပုံထားပါသည်

Kukuဟာ Simကို ဖက်ပြီး ခွကာ ရင်ခွင်ထဲမှာ အိပ်ပျော်နေပါသည်

စိန်တုံးလေးလို လှပသော Kuku၏ ဆံပင်လေးများကို Sim သပ်ပေးလိုက်ပါသည်

Sora ပြောလိုက်တယ်

"Makuက စာဖတ်ရတာ ဝါသနာပါတယ်လေ"
"နေ့ခင်းဘက် စာဖတ်ရင်ဖတ် မဖတ်ရင် ကာမဆေး တစ်ခုခုကို ဆေးဖော်နေတတ်တယ်"

"ကာမဆေး??"

"inm"
"ဆေးလိုချင်တဲ့သူရှိရင် ဈေးကြီးယူပြီး ဖော်ပေးတယ်"

"arr~~ သူက ဆေးလည်း ဖော်တယ်ပေါ့"

"inm"

Sim စာအုပ်ကို ကြည့်ရင်း Soraကို လှမ်းပြောလိုက်တယ်

"ဒီစာအုပ်က မူမမှန် သန္ဓေသားအကြောင်း တော်တော်စုံတာပဲ!!"
"ငါ့Papa အကြောင်း ရေးထားတာကျလို့!!"

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now