part-21

9.5K 1K 17
                                    

"Baku ဘာဖြစ်တာလဲ~~"

Baku ငိုနေတာ လှမ်းမြင်လိုက်လို့ Seisho မေးလိုက်တယ်

"Asho ဘာလုပ်ပြန်ပြီလဲ!!"

မထင်မှတ်သော မြင်ကွင်းကြောင့်လည်း ကပွဲအတွင်း၌ ခပ်ဆူဆူ အသံလေး ထွက်လာတယ်

ထို့နောက် Baku အနားကပ်ပြီး စောင့်ရှောက်ပေးနေတဲ့ အစေခံလေးက Seisho ကို အနားကပ်ကာ ခပ်တိုးတိုး ရှင်းပြလိုက်တယ်

Seisho မျက်မှောင်ကြုတ်လိုက်မိတယ်

"Asho ကတော့ လုပ်ပြန်ပြီ~~"
"မင်းသား Jim နဲ့ တည့်အောင် မနေဘူး"

Xi လှမ်းမေးလိုက်တယ်

"Asho Jim နဲ့ ဘာဖြစ်ပြန်ပြီလဲ Seisho~~"

"Baku ကို လူကြားထဲမှာ ငိုစေမယ့် စကားတွေ သုံးပြီး Asho ကို ပြသနာတတ်အောင် မင်းသား Jim လုပ်သွားပုံပဲ"

"ဒုက္ခပဲ~ ဘယ်လိုလုပ်ကြမလဲ~"

"ဘာမှတော့ မဖြစ်လောက်ပေမယ့် Baku ကို အနိုင်ကျင့်နေတဲ့ ပုံစံဖြစ်သွားတာမို့ Asho ခုံရုံးတတ်ရလိမ့်မယ် ထင်တယ်"

×××××

Asho လက်ထဲက ပေါင်မုန့်ကို ဖဲ့ပြီး ရေကန်ထဲ လှမ်းပစ်လိုက်တယ်

သာယာသော ည၏ လပြည့်ဝန်းကြီး အောက်မှာ Asho ဟာ ဖြစ်သလို ထိုင်နေတယ်

ပြီးတော့ ကပွဲက ယူလာတဲ့ ပေါင်မုန့်ကို ဖဲ့ပြီး စိတ်ပျက် လက်ပျက်နဲ့ ဖဲ့ကာ ရေထဲ ပစ်နေတယ်

ပန်းခြံထဲက ဂုန်းတံတားလေးပေါ်မှာ Asho နဲ့ Baku ငြိမ်သက်စွာ ထိုင်နေကြတယ်

Baku ဟာ Asho ရဲ့ ဘေးမှာ ခြင်းတစ်လုံး ကိုင်ထားတယ်

လသာနေတာမို့ Baku ဟာ Asho အနားမှာ ငွေရောင်လေးတောက်နေပြီး မျက်နှာငယ်လေးနဲ့ ထိုင်နေတယ်

Baku ဟာ လူကြားထဲ ငိုတုန်းက ငိုပြီး အခုကျတော့ Asho ဆူမှာစိုးလို့ ကြောင်လေးလို ငြိမ်ကုပ်နေတယ်

Asho Baku ကို လှည့်ပြောလိုက်တယ်

"ငိုလို့ ဝ ပြီလား!!"

"anm!"

"မငိုတော့ဘူးလား"
"ငိုလို့ ပြီးပြီလား!!"

"မ-- မငိုတော့ဘူး---ပြီးပြီ"

Asho Baku ကို လက်နဲ့ ရွယ်လိုက်တယ်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now