part-33

9.5K 1K 13
                                    

အိမ်ပြန်ရောက်သောအခါ Baku ဟာ ရထားလုံးလေးထဲမှာ ငြိမ်နေပါတယ်

Xi ရဲ့ မျက်နှာကတော့ Asho ကို Baku နဲ့ အပြင်အတူတူ လွှတ်ရလို့ အတိုင်းထက်လွန် ပြုံးရွှင်နေပါတယ်

"Baku ကို နန်းတွင်းကြီးထဲ လိုက်ပို့ပေးခဲ့ရဲ့လား Asho"

Asho Baku ကို မျက်လုံးလေး စောင်းကြည့်လိုက်တယ်

Baku ဟာ မည်သည့်စကားကိုမှ မဆိုဘဲ သူ့ဘေးမှာ မျက်နှာငယ်လေးနဲ့ ရပ်နေပါတယ်

Baku ဟာ Asho ကို မော့ကြည့်ပြီး မျက်လုံးချင်းဆုံတော့ ခေါင်းလေးပြန်ငုံ့သွားပါတယ်

ထို့ကဲ့သို အနားမှာ ငြိမ်ငြိမ်လေး ရပ်နေတာကို မြင်တွေ့ရသောအခါကျတော့လည်း Asho စိတ်မကောင်း ဖြစ်မိသည်

သို့သော် Baku ကို သူ လုံးဝမချစ်ဘူးဆိုတာ အားလုံးလည်းသိကြသလို Baku လည်း အစကတည်းက သိနေမှာပါ

သို့သော် ပါးစပ်ကနေ ဒီလိုကြမ်းကြမ်းတမ်းတမ်း ထုတ်ပြောပစ်ခြင်းကတော့ မသင့်တော်ပါ

Asho ဟာ သူ့ကိုယ် သူအနည်းငယ် လွန်သွားမှန်းသိပေမယ့် Baku အား နှစ်သိမ့်ခြင်း မရှိပါ

ထို့အတူ Asho ဟာ Baku အနားမှာ မတ်တပ်သာ ရပ်နေပြီး Xi ရဲ့စကားကိုလည်း မဖြေပါ

သူ့မှာ အဖြေလည်း ရှိမှာမဟုတ်သလို လိမ်ပြီးတော့လည်း Asho ဖြေချင်စိတ်မရှိပါ

Asho နဲ့ Baku ရဲ့ ပုံစံဟာ ပြေလည်ခြင်းရှိနေသည့် ပုံစံမဟုတ်သည့်အတွက် Xi ဟာ စိတ်ပူရပြန်တယ်

Baku လေးကို နည်းနည်းလောက် ချစ်ပေးလိုက်စမ်းပါ Asho ရယ် -- ဟု စိတ်ထဲမှာ Xi ရေရွတ်မိလိုက်သည်

Asho အကြောင်းကို Xi သိနေသောကြောင့် Baku လေးကို ပိုပြီးစိတ်ပူမိပါသည်

Asho ဟာ သူမြတ်နိုးရပါသည်ဆိုတဲ့ Seri ကိုတောင် တစ်ကြိမ်တစ်ခါမှ ချော့မြူခြင်းလည်း မရှိခဲ့သလို သူလုပ်သမျှကိုလည်း မှားပါသည်ဟု တစ်ခါမှ ဝန်မခံခဲ့ဖူးပါ

သူ့မှာ အမှားမရှိဘူးဟု ခံယူထားသူဖြစ်သလို အချိန်တိုင်း အချိန်တိုင်း တစ်လောကလုံးမှာ Xi ကလွဲလျှင် ဘယ်သူကိုမှလည်း နူးညံ့စွာနဲ့ တန်ဖိုးထားခြင်း မရှိခဲ့သေးပါ

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now