part-42

9K 1K 12
                                    

Seri နန်းဆောင်ကြီးထဲက Jim ရဲ့ အိပ်ယာပေါ်မှာ မှောက်ခုံလေး ငြိမ်သက်နေပါသည်

သူရဲ့ ရွှေငါးလေး နှစ်ခြိုက်စွာ အိပ်ပျော်နေပါပြီ

Jim မြတ်နိုးစွာနဲ့ ပါးလေးကို နမ်းလိုက်တယ်

အလွန်လှပသော နှာဖျားချွန်ချွန်လေးကို အနားကနေ ထိုင်ကြည့်ရင်း Seri ပါးပြင်လေးကို လက်မလေးနဲ့ ပွတ်သပ်မိလိုက်ပါသည်

ငယ်ရွယ်သူမို့ မမျှော်လင့်ထားသောပုံစံနှင့် သူ့အပေါ်ဆိုးတတ်သည်ဟု Seri ကို Jim မြင်မိသည်

ဒီ အကောင်လေးက Paciloလို သန့်စင်မြင့်မြတ်သော အိမ်တော်ကြီးကို မျက်နှာပျက်စေမည့်အရာ လုပ်ဆောင်နိုင်မယ်တဲ့လား

လိင်လုပ်သား---

Seri သာ လိင်လုပ်သားလုပ်ခဲ့လျှင် သူဘာမှမတုန့်ပြန်ရသေးခင်မှာပင် Asho လက်နှင့်ပင် အကုန်တစ်စဆီ ကြေမွကုန်မှာ သေချာပါသည်

Jim ပြုံးလိုက်မိတယ်

"မင်းနဲ့ Ashoနဲ့ အတူတူပဲ~~~"

"မချစ်တာလည်း မဟုတ်ဘဲနဲ့ မချစ်ဘူးလို့ပဲ အော်တတ်ကြတယ်"

Jim ရေရွတ်မိလိုက်တယ်

အသက်ကြီးပြီး အချိန်မစည်းသူလို ကလေးဆန်ဆန် ဆိုးသွမ်းနေသော Asho ဆိုသည့် သကောင့်သားဟာ သူနဲ့ အချိန်တွေအကြာကြီး ရင်းနှီးစွာ ပညာသင်ခဲ့ဖူးသူပါ

နန်းတွင်းက တော်ဝင် အထက်တန်းလွှာ Shoyu အိမ်တော်ကြီး ကျောင်းသားတွေ အထဲမှာ Asho ဟာ ငယ်ငယ်ကတည်းက လူတိုင်းနဲ့ သတ်နေတတ်ပါသည်

Jim က နန်းတတ်မင်းသားမို့ သူတို့ကို မနိုင် နိုင်အောင် အုပ်ချုပ်ရပါသည်

ရန်ဖြစ်တိုင်း Asho က အားကောင်းသူမို့ အမြဲအနိုင်ပါ

Asho ဟာ Jimဆိုသော မိမိထက်တောင် အားအင်ကောင်းသည်မှာ ဝန်ခံပါသည်

ထို့ကြောင့် Asho အကြောင်းကို Jim ကောင်းကောင်း နားလည်ပါသည်

လိင်လုပ်သားပုံစံနဲ့ပဲ မင်းက တန်သည်ဟု Seriကို အော်နေသော်လည်း Seri ကို လိင်လုပ်သားအဖြစ် Jimက လက်ခံမှာ မဟုတ်မှန်း မသိရလောက်အောင် Ashoက တုံးအနေသူမဟုတ်ပါ

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now