part-27

9.3K 1.1K 57
                                    

"Baku~~"

"omm~!"

Asho ဟာ ရေကန်အလယ်က ရေချိုးစင်ဘောင်ပေါ်မှာ ကိုယ်တစ်ပိုင်းမှောက်ပြီး မျက်လုံးလေးမှိတ်ကာ ငြိမ်နေတယ်

Baku ဟာ Asho ရဲ့ ကျောကုန်းကို လက်သီးဆုပ်လေးတွေနဲ့ ထုပေးနေတယ်

ကျောပြင်ပေါ်က Baku ၏ လက်ဖဝါး အိအိလေးများရဲ့ အရသာကို Asho ကောင်းကောင်းခံစားမိလိုက်တယ်

Asho မျက်လုံးဖွင့်ပြီး Baku ကို ပြောလိုက်တယ်

"မင်းလက်လေးတွေက အရမ်းကောင်းတာပဲ~~Baku"

"om!~~"

Baku ရဲ့ လက်ကလေးတွေဟာ Asho စကားကြောင့် ရပ်သွားတယ်

"ငါတို့မှာ ထူးခြားတဲ့ ခံစားမှုတွေရှိတယ်ဆိုတာ သိလား~~"

"ဘာကိုလဲ~~"

Asho ဟာ Baku နိုပ်ပေးတာကို ဇိမ်လေးနဲ့ ခံယူနေတယ်

Asho Baku ကို လှည့်ကြည့်လိုက်တယ်

"မင်း မသိဘူးလား~~"

ဝိုင်းဝိုင်းစက်စက်လေး ပြူးသယောင်ဖြစ်နေသော အစိမ်းရောင် မျက်လုံးများနှင့် ထိုကြွက်စုတ်လေးကို သူအများကြီး သင်ပေးရဦးမည်

Asho Baku ရှိရာကိုလှည့်ပြီး ရေကန်ဘောင်ကို နောက်ပြန် လက်ထောက်လိုက်တယ်

"လိင်လုပ်သားတွေနဲ့ ပေါင်းပြီး တခြား ဗဟုသုတလေး ဘာလေး မရလာဘူးလား~~"

"onn~~~ သူတို့က မင်းသားလေးတွေလို ကောင်းကောင်းစားပြီး ကောင်းကောင်းနေရတယ်~~"

"ညဘက် ဧည့်သည်လာတဲ့အခါ အတူနေပေးရတယ်"

"သူတို့မှာ အထက်တန်းလွှာတွေလို ရတနာတွေနဲ့ ပိုးထည်တွေ ရှိတယ်"

Baku ဟာ ကလေးစာအံသလို Asho ကို သေချာရွတ်ပြတယ်

Asho ဟာ Baku ကို မှုန်ကုပ်ကုပ်နဲ့ ပြန်ကြည့်နေတယ်

ထို့နောက် Baku ဟာ ခဏစဉ်းစားပြီး Asho ကို သွားလေးဖြီးပြီး ရီပြတယ်

"ပြီးတော့ Baku ကိုလည်း မုန့်ဖိုးပေးတယ်"

မုန့်ဖိုးနဲ့ စားဖို့သောက်ဖို့ ဝတ်ဖို့ကလွဲပြီး ဘာမှမမြင်သော Baku---

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now