part-82

12.7K 1K 73
                                    

မိုးလင်း​သောအခါ Aita နိုးလာသည်​

Moon​လေးက​တော့ မိမိရင်​ခွင်​ထဲမှာ ဖက်​တွယ်​ပြီး မနိုးထနိုင်​သေးပါ

Aita Moon​လေးအား ငုံ့ကြည့်​လိုက်​မိသည်​

Moon​လေးဟာ Aita၏ ဝမ်းဗိုက်​ကြွက်​သားများအား​ပေါင်​တံဖြူဖြူ​လေးများနှင့်​ခွပြီးနှစ်​ခြိုက်​စွာ အိပ်​စက်​နေသည်​

ဖရိုဖရဲ​စောင်​တွေကြားမှာ Moon​လေးဟာ မနက်​ခင်း၏​နွေဦး​နေ​ရောင်​အောက်​မှာ အဖြူ​ရောင်​ယုန်​လေးလိုပင်​--

Aita ရင်​ခွင်​ထဲက Moon​လေးကို အချိန်​ကြာကြာ စိုက်​ကြည့်​နေမိပါသည်​

မိမိအား လွန်​စွာ စူးစူးရဲရဲ မြူဆွယ်ရဲ​သော က​လေး---

Baku ကို​တောင်​သူမသိ​အောင်​မွေးထားလိုက်​သေးသည်​

Aita ငြိမ်​သက်​နေမိသည်​
ပထမဆုံးအကြိမ်​Siaအား မိမိ၏​ဖောက်​ပြန်​မိခြင်းပင်​

Baku​ကြောင့်​များ စိတ်​ပါသွားသလား Aita---

Moon​လေးနိုးလာ​သောအခါ Aita ဟာ ကုတင်​စောင်းမှာ​ခေါင်းငိုက်​စိုက်​ပြီး ထိုင်​နေသည်​

Moon​လေးဟာ Aita​ကျောပြင်​အား ကုတင်​ပေါ်မှာ​ငေးကြည့်​နေရှာသည်​

Aitaဟာ Moon​လေးအား လှည့်​မကြည့်​ပါ

ထိုအခြင်းအရာအား Maku က အခန်းဝမှ လှမ်းကြည့်​နေခဲ့သည်​

လွန်​စွာ အချစ်​ကံဆိုး​သော မိမိ၏ သားငယ်​လေးပါပဲ

လူတစ်​ယောက်​ကို ဒီလိုအကြာကြီး ချစ်​နေဖို့​မွေးဖွားလာခဲ့တာလား

×××××

"နန်း​တော်​ကို​ချော​ချော​မွေ့​မွေ့ပြန်​ပါ~~"

Moto ကြင်​ယာ​တော်​ကြီးအား ရို​သေစွာ နှုတ်​ဆက်​လိုက်​သည်​

Maku က ညှိုးငယ်​နေ​သော Moon​လေး၏ မျက်​နှာငယ်​လေးအား​ငေးကြည့်​နေရှာသည်​

ဒီအတိုင်း Aita မဟုတ်​ဘဲ Siaကိုပဲ ချစ်​လိုက်​လို့ မရဘူးလား က​လေးရယ်​ဟု Maku Moon​လေးအား​ပြောချင်​မိပါသည်​

Aitaနှင့်​Moon​လေးဟာ တစ်​ယောက်​နဲ့ တစ်​ယောက်​မျက်​နှာလွှဲထားကြသည်​

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now