part-68

10.4K 1.1K 65
                                    

Ashoဟာ ထိုမနက်​တင်​Sia၏အမိန့်​စာယူကာ တစ်​ယောက်​တည်း အိမ်​ပြန်​သွားခဲ့သည်​

Bakuအတွက်​နေအိမ်​၌ ထိုက်​တန်​သော ပြင်​ဆင်​မှုများ ပြုလုပ်​ပေးရမည်​ဖြစ်သည်

မိမိအိမ်​တော်​၏ ခန်းနား​သော ဂုဏ်​ရှိန်​ကို ထုတ်​ဖော်​ပြသကာ​တောင်းရမ်းမှုများနှင့်​အတူ Baku​လေးကို ပြန်​လည်​၍ လာ​ရောက်​ခေါ်​ဆောင်​ရမည်​

Baku​လေးဟာ နန်းတွင်း၌ တစ်ယောက်တည်း ကျန်​ရစ်​ခဲ့​သည်​

×××××

Moon​လေးဟာ ညီလာခံပြီးသောအခါ Aitaအ​နောက်​မှ အတင်း​ပြေးလိုက်​လာသည်

"ကြင်​ယာကြီး~~"

အလွန်​လှပ​သော ဆင်​ဆွယ်​ရောင်​ပိုးဖဲ​ပေါ် အနီ​ရောင်​ရော်​ပွင့်​ဖက်​လေးများပါသည်​ဝတ်​ရုံလွှာ​လေးနှင့်​အတူ Moon​လေးဟာ အိ​နြေ္ဒမဆယ်​နိုင်​Aitaအနောက်မှ​ပြေးလိုက်​လာသည်​

Aitaဟာ Moonလေးအသံကြောင့် လမ်းလျှောက်ခြင်းအား ရပ်တန့်၍ အ​နောက်​လှည့်​ကြည့်​လိုက်​သည်​

"ဘာလဲ~~"

Moon​လေး လှိုက်မောစွာ အသက်ရှုရင်း မတ်​တပ်​ရပ်​လိုက်​သည်​

"Bakuကို နန်းတွင်းထဲမှာ အပြီး​ခေါ်ထားလို့ မရဘူးလား"

"မရဘူး~~"

Aitaဟာ အရှေ့ပြန်​လှည့်​သွားသည်​

Moon​လေးဟာ မျက်ရည်များဝဲ၍ Aita၏ မြင့်​မား​သော​ကျောပြင်​ကြီးအားငေးကာ တစ်ယောက်တည်း ကျန်​ရစ်​ခဲ့သည်​

Aita အဝေးရောက်မှ တစ်ဖန်ပြန်လည်၍ လှည့်ကြည့်လိုက်သည်

Moonလေးဟာ မျက်ရည်များကို ကလေးတစ်ယောက်လို လက်ဖျံဖြင့်သုတ်၍ ငိုကာ အဆောင်တော်သို့ လှည့်ပြန်သွားသည်

Aita ပြန်လည်၍ လစ်လျူရှုထားလိုက်သည်

Moonလေး ငိုနေသောကြောင့် မကြာခင်မိမိထံရောက်လာဦးမည့် မကောင်းသော အငွေ့အသက်တစ်ချို့ကို ကြိုတင်ခံစားမိပြန်သည်

Aitaဟာ ကောင်းကင်မှ ကျဆင်းနေသော အဖြူရောင်နှင်းစက်များကို ငေးမောကြည့်ရင်း တိုးညင်းစွာ ရေရွတ်မိသည်

Love Story From Defulo (S1), အချစ်နှင့် သန္ဓေသားWhere stories live. Discover now