စူးရှလွန်းသောနေရောင်ခြည်တစ်ခုက သူ၏မျက်နှာပေါ်သို့ဖြာ ကျနေလျက်ရှိသည်။ချီအန်းလု တစ်ယောက် မေ့မြောနေရာမှ သူ၏ မျက်ဝန်းတစ်စုံကိုအတင်းကြိုးစားဖွင့်ရင်းရေရွတ်လိုက်မိသည်။ပတ်ဝန်းကျင်တွင် လူသံများဖြင့် ဆူညံနေသည်။
"ငါ ဘယ်နေရာကို ရောက်နေတာလဲ။"
စိတ်၏အလိုအရပင် ထိုနေရာမှအမြန်ထရန်ဆုံးဖြတ်လိုက်သည်။သို့သော်လည်း
"ဘာလို့....."
*ချလွမ်...ချလွမ်*
လက်နှစ်ဖက်အားတစ်ခုခုကထိန်းချုပ်ကာထားပြီး ခန္ဓာကိုယ်ကမတ်တပ် ပင်ရပ်၍မရနိုင်ဘဲ ထိုင်လျက်ပြန်ပြုတ်ကျလေသည်။ မိမိခန္ဓာကိုယ်အား တစ်ချက် ပြန်လည်ကြည့်မိသော အခါတွင်မှသူသည်လက်နှစ်ဖက်အား နောက်ပစ်ထားသည့်အနေအထားတွင်ရှိနေသည်။ နောက်ကျောဖက်သို့ လက်နှစ်ဖက်ကိုပူးချည်ထားကာ တိုင်တစ်တိုင်နှင့်ချိတ်ထားခြင်းကိုခံထားသည်။မိမိအား ချိတ်တွယ်ကာထားသောသံကြိုးများကို အတင်းဆွဲ၍ဖြုတ်ရန်ကြိုးစားနေစဥ်မှာတွင်ရုတ်တရက်ဆိုသလို လူဝကြီးတယောက်ကသူ့ထံသို့ရောက်လာသည်။ ထိုသူသည် အရပ်၅ပေ၇လက်မခန့်ပင်ရှိလောက်မည်။ အနီရောင်ဘောင်းဘီအပွကြီးနှင့်အင်္ကျီအဖြူရောင်အထက်၌အစိမ်းရောင်ကုဒ်အင်္ကျီကိုမလိုက်ဖက်စွာပင်တွဲဖက်ဝတ်ဆင်ထားသည်။ ထိုလူကြီးသည်အန်းလုအားချုပ်နှောင်ထားသောသံကြိုးစကိုဆွဲလျက်အောက်တွင် အော်ဟစ်နေသော လူစုအားကျယ်လောင်သော အသံဖြင့် တစ်ချက်မေး မြန်းလိုက်လေသည်။
"ဒါလေးကစျေးကောင်းပေးမှရမှာနော်။ ခင်ဗျားတို့ကြိုက်သလိုလည်းသုံးလို့ရတယ်။ရုပ်ရည်ကမိန်းကလေးပုံစံမျိုးပေမဲ့ သန်သန်မာမာပဲမို့လို့ကြိုက်သလိုခိုင်းစားလို့ရတယ်။ ကဲ...ကဲ..စျေးစခေါ်လိုက်ရအောင်။"
လူအုပ်ထဲမှ လူတစ်ချို့က စတင်အော်ဟစ်လေတော့သည်။
"၁၀ပြား" "ပြား၂၀"
"ပြား၅၀"
အန်းလုမှာအတွေးတို့ဖြင့်ယောက်ယက်ခတ်လျက်ရှိသည်။သူ၏မျက်ဝန်းတို့ကပြူးပြာနေပြီးနေရခက်စွာပင်ပတ်ဝန်းကျင်ကိုလျှောက်ကြည့်နေ သည်။
YOU ARE READING
Love, But Hurt (Completed) Season 1
Romanceရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း.....ဖြစ်တည်လာတဲ့ တခုတည်းသောတောင်းဆုက မင်းပဲ...... အန်းလု ရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း..... ဖြစ်တည်လာတဲ့တစ်ခုတည်းသောတောင်းဆုက မင်းပဲ.....အန်းလု