အပိုင်း ၅၈

20.8K 1.9K 66
                                    

"ရှန်းရှန်း......ဘာဖြစ်လို့လည်း..."

"ဟမ်.....ဘာမှမဖြစ်ပါဘူး ."

ချီရှန်းတယောက် အန်းလုအား
ဆန်ပြုတ်ခွံ့တိုက်နေရင်း အတွေးလွန်နေမိသည်။

အန်းလုက မေးလိုက်မှသာ
အသိပြန်ဝင်လာပြီး အန်းလုကို ဆန်ပြုတ်ဆက်ခွံနေလိုက်သည်။

"ရှန်းရှန်း... ဘာတွေများ
စိတ်ညစ်စရာတွေရှိနေလို့လည်း"

အန်းလုက ထပ်မံ၍
လေးနက်စွာမေးမြန်းလာသည့်အတွက်
ချီရှန်းက လက်ထဲရှိ ပန်းကန်လုံးအား
ဘေးရှိစားပွဲပေါ်တွင်
တင်လိုက်ပြီး အန်းလုကိုကြည့်လိုက်သည်။

"အန်းလု........"

"အွန်း......ပြောလေ"

"ဒီတခေါက် လုပ်ကြံသူတွေကလေ
ယူချန်းနဲ့ ပတ်သတ်မှုရှိနေတဲ့သူတွေဆိုတာ
မင်းသိလား "

"ယူချန်းနဲ့ဟုတ်လား
သူမဖြစ်နိုင်ပါဘူး ယူချန်းကဘယ်လိုမှ
ကျွန်တော်တို့ကို ဒုက္ခပေးတာမဖြစ်နိုင်ဘူး
ရှန်းရှန်းအထင်မှားတာနေမှာပါ"

"ကိုယ်သိတယ် ဒီကိစ္စမှာ
သူလုံးဝမပါမှန်း ပြီးတော့ကိုယ်လည်းသူ့ကို
ယုံကြည်တယ် ဒါပေမဲ့သူက....."

ချီရှန်းက အန်းလုအား
ယူချန်း၏ ဘဝအမှန်နှင့် မနေ့ကကိစ္စအချို့အားပြောပြလိုက်သည်။
အန်းလုလည်းအနည်းငယ်အံ့သြသွားမိသည်။

"အဲ့နေ့က သူကျွန်တော့ရှေ့ကနေ
ကာကွယ်ပေးခဲ့တာ ပြီးတော့ အဲ့လူကြီးက
ယူချန်းကို ရိုက်လိုက်ရော
ကျွန်တော် သူ့ကိုလှုပ်နှိုးရင်းနဲ့နောက်တော့
ကျွန်တော်ပါ မေ့သွားတာ
နိုးလာတော့ အဲ့နေရာမှာ ရှန်းရှန်းကိုတွေ့တာပဲ"

"အင်း....ကိုယ်သိတယ် ဒီကိစ္စက
သူနဲ့မသတ်ဆိုင်မှန်း

ဒါ့ကြောင့် ကိုယ်သူ့ကိုဘာမှမပြောပါဘူး
ဒါ့ပေမဲ့ ကိုယ်အဲ့ဒီလူယုတ်မာကောင်ကိုတော့
လုံးဝခွင့်မလွှတ်ပေးနိုင်ဘူး
သူမင်းကို ထိပါးခဲ့တာ ကိုယ်သူ့ကို
ရက်ရက်စက်စက် ပြန်လုပ်ရမှကိုကျေနပ်မှာ

ပြီးတော့ တော်ဝင်စည်းကမ်းအရ
ဘုရင်ကို ပုန်ကန်ရင် ဆွေစဉ်မျိုးဆက် ၇ဆက်လုံး
အကုန်သုတ်သင်ပစ်ရမှာပဲ"

Love, But Hurt (Completed) Season 1Where stories live. Discover now