အပိုင်း ၃၇

27.9K 2.2K 189
                                    

"ဟဲ့....မှောက်နေပြီလား...."

ကျီယွမ်က စားပွဲပေါ်တွင်မှောက်လျက်
မူးကာအိပ်ပျော်နေသော
ကျီချန်းကိုလှုပ်နိုးနေသည်။

ချီရှန်းကမူ မူးနေပြီဖြစ်သော်လည်း
မလဲသေးပေ။ သို့သော်
ငုတ်တုတ်ကြီးထိုင်ကာ ငြိမ်သက်နေသည်။

နေ့လည်ကရန်ဖြစ်ကြသည်ကို
ယခုအချိန်ထိအားမရသေးပေ။
ဟိုအကြောင်းသည်အကြောင်းပြောရင်းနှင့်ပင်
နှစ်ယောက်သား သေရည်ပြိုင်သောက်ရန်ဖြစ်လာကြသည်။

ဆယ်အိုးကျော်အား တယောက်တခွက်
ယှည်သောက်လာရင်း အားလူံးနီးပါးလည်း
ပြောင်သလင်းခါနေတော့သည်။

အန်းလုက ချီရှန်းကိုကြည့်ရင်း
လက်မောင်းမှကိုင်၍လှုပ်ကြည့်နေသည်။

"ရှန်းရှန်း အဆင်ပြေရဲ့လား "

ထိုအခါမှ ချီရှန်း ကအသိဝင်လာဟန်ဖြင့်
သူ့ရှေ့တွင်ရှိနေသော နောက်ဆုံးလက်ကျန်
သေရည်အားမော့ချလိုက်ပြီး

"ငါနိုင်ပြီ.....ဟေ့ကောင်ငါနိုင်ပြီကွ
မင်း ရှုံးပြီ.............."

ချီရှန်းကအားရပါးရအော်ပြောလိုက်သော်လည်း
သူရှေ့ရှိ ကျီချန်းကမူ မှောက်နေပြီဖြစ်သည်။

ချီရှန်းသည်လည်းထိုစကားပြောပြီးနောက်
ပြန်ငြိမ်ကျသွားသည်။ ငုတ်တုတ်ထိုင်ကာ
မျက်လုံးနှစ်ဖက်ကမူ မှိတ်လျက်။

အန်းလုက သူတို့နှစ်ယောက်အားကြည့်လျက်
သက်ပြင်းချရင်း

"ကျီယွမ် အကိုချန်းကို အခန်းထဲ
လိုက်ပို့ပေးလိုက်ပါလား"

"အေး....ငါလုပ်လိုက်မယ်"

ထို့နောက် ကျီယွမ်က ကျီချန်းအား
ဆွဲထူကာ အခန်းထဲသို့ ခြေထောက်နှစ်ချောင်းမှဆွဲ၍
တရွတ်တိုက်ဆွဲခေါ်သွားတော့သည်။

အန်းလုကလည်း ထိုအဖြစ်အားကြည့်ရင်း
တခုခုပြောရမလို ဆက်ပဲကြည့်ရမလိုလိုဖြစ်နေတော့သည်။

အန်းလုကထိုမောင်နှမအား
ကြည့်နေစဉ် နောက်မှ ချီရှန်းက အန်းလုခါးလေးအား
ထိုင်နေလျက်ပင်ဆွဲဖက်လိုက်သည်။

Love, But Hurt (Completed) Season 1Where stories live. Discover now