အပိုင်း ၄၄

24.7K 2.2K 189
                                    

"အရှင်...သမားတော်ယီ ရောက်လာပါပြီ"

"ဟုတ်လား...အမြန်လာကြည့်စမ်း"

ချီရှန်းက အန်းလုကျောအား
ပွတ်သပ်ပေးနေလျက်ပင် သမားတော်လာသည်ဟု
ကြားရသောအခါ အမြန်ပင် လှမ်းခေါ်လိုက်သည်။

သမားတော်ကလည်း သူတို့ထံသို့
လျောက်လာလိုက်ပြီး ချီရှန်းအားဂါရဝပြုလိုက်သည်။

"အရှင့်ကို ဂါရဝပြုပါတယ် "

"မြန်မြန် မြန်မြန် ဘာဖြစ်တာလည်းကြည့်ပေး
ကိုယ်လုပ်တော်လု အတော်နေရခက်နေတယ်"

ချီရှန်းက အန်းလုကိုဖက်ထားလျက်ပင်
သမားတော်အား သွေးကြောစမ်းရန်
အန်းလု၏ လက်ကောက်ဝတ် အား လှန်ပေးလိုက်သည်။

အန်းလုကမူ အန်ထားရသောကြောင့်
အနည်းငယ်ပင်ပန်းနေသည်။
ထို့ကြောင့် ချီရှန်း၏ရင်ဘတ်ကိုသာ
မှီလျက် ထိုင်နေသည်။

သမားတော်က သူတို့ဘေးရှိခုံတွင်ထိုင်လိုက်ပြီး
သွေးကြောစမ်းရန်အန်းလု၏
လက်ကောက်ဝတ်အား လှမ်းကိုင်မည်အလုပ်

"ခဏ....."

ချီရှန်း၏အသံကြောင့်
သမားတော်ယီ တယောက်လက်တွန့်သွားသည်။

"အရှင်....ဘာများဖြစ်လို့လည်း "

ချီရှန်းက အမြန်ပင်သူ၏
ရင်ဘတ်ဝတ်ရုံလွှာကြားမှ လက်ကိုင်ပဝါတထည်ကို
ဆွဲထုတ်ယူလိုက်ပြီး အန်းလု၏
လက်ကောက်ဝတ်ပေါ်တွင် အသာတင်ပေးလိုက်သည်။

"ရပြီ....စမ်းတော့"

သမားတော်ယီ ကအနည်းငယ်
မှင်သက်နေမိရာမှ အသိပြန်ဝင်လာပြီး

"အာ....ဟုတ်..ဟုတ်ကဲ့ပါ"

ထို့နောက် သမားတော်ယီ က
အန်းလု၏ လက်ကောက်ဝတ်အား
လက်ကိုင်ပဝါလေးကြားခံလျက် သွေးကြောစမ်းသပ်ရသည်။

"ဘယ်လိုလည်း....ဘာဖြစ်တာလဲ "

သမားတော်ယီ က သူ၏လက်အားပြန်လည်ရုပ်သိမ်းလိုက်ပြီး ချီရှန်းဘက်သို့လှည့်ကာ
စကားဆိုလိုက်သည်။

"စိတ်ပူစရာမရှိပါဘူး အစားတွေအရမ်းများသွားတာပါ
အခုမကုန်သေးပဲ တစ်ခုကိုထပ်စားမိလို့
အစာမကြေဖြစ်ပြီး အန်တာပါ

Love, But Hurt (Completed) Season 1Where stories live. Discover now