အပိုင်း ၅၅

22.8K 2.1K 105
                                    

"ဘယ်လိုလုပ်မလည်း
ငါတို့သူတို့ကိုနှစ်ယောက်တည်းမလွှတ်လိုက်ခဲ့သင့်ဘူး အခုတော့ ကိုယ်လုပ်တော်လုကပျောက်နေပြီး
ကိုယ်လုပ်တော်ယူက မေ့နေသေးတုန်း

အရှင်ရောက်လာရင်
ငါတို့အသတ်ခံရမှာသေချာတယ်"

"ဟုတ်တယ်...ငါတော့တကယ်
သေချင်ပါတယ်ဟာ"

ညနေစောင်းသည်အထိ အန်းလုနှင့်ယူချန်းတို့
ပြန်ရောက်မလာသည့်အတွက် ရဲမက်များ
လိုက်လံရှာဖွေကြရင်း

ရေပူစမ်းနှင့် မနီးမဝေး တနေရာရှိ လမ်းမပေါ်တွင်
လဲနေသည့်ယူချန်းအား တွေ့သဖြင့်
သယ်မလာခဲ့ကြသည်။

ရွက်ဖျင်တဲအတွင်း သေချာစွာ
လဲလျောင်းစေပြီး တချို့ရဲမက်များကတော့
ကိုယ်လုပ်တော်လုအား ရှာဖွေကြရန်
ထွက်ခွာသွားကြသည်။

ကျန်ရှိနေသောသူများကတော့
အရှင် ပြန်မလာခင် ပြန်တွေ့ရန်သာ
ဘုရားတနေကြတော့သည်။

"ဘာဖြစ်နေကြတာလည်း.."

ရုတ်တရက်အသံတစ်ခုကိုကြားလိုက်မိတော့
အားလုံးပဲ ထိတ့်လန့်သွားကြသည်။

ဤသည်က ရှောင်ရှင်း ၏ အသံပင်။
သူ၏ အရှေ့တွင် တည်ငြိမ်စွာလျောက်လှမ်းလာသူက ချီရှန်းပင်။

ရှောင်ရှင်းက ကြောက်လန့်နေကြသော
ရဲမက်များနှင့် အပျိုတော်တသိုက်အား
ထပ်မံ၍ မေးလိုက်သည်။

"ဘာဖြစ်နေကြတာလည်း လို့..."

ထိုသူများအားလုံးချက်ချင်းပင်
မြေပေါ်တွင် ဒူးထောက်ကာ ဝပ်တွားလိုက်ပြီး

"အရှင် ခွင့်လွှတ်ပေးပါ အသက်ကို
ချမ်းသာပေးပါ အခု ကိုယ်လုပ်တော်လုကိုအားလုံးရှာနေကြပါတယ်"

ချီရျန်းက အစကမူ ဂရုမစိုက်။
ကိုယ်လုပ်တော်လုဟူသည့် နာမည်ကြားသည်နှင့်
ရှေ့ဆုံးတွင် ဝပ်တွားနေသော
အပျိုတော်တယောက်အား ရုတ်တရက်
လည်တိုင်ကို ဖမ်းဆုပ်လိုက်ရင်း
အော်လေတော့သည်။

"ဘာဖြစ်လို့လည်း ကိုယ်လုပ်တော်လုက
ဘယ်ကိုသွားနေလို့လည်း
ငါနင်တို့ကို ဘယ်မှမလွှတ်ဖို့ သေချာစောင့်ရှောက်ဖို့
မှာထားတယ်မလား"

Love, But Hurt (Completed) Season 1Where stories live. Discover now