အပိုင်း ၄၉

22.9K 1.9K 66
                                    

"ကိုယ်လုပ်တော် ယူ ပစ္စည်း တွေကို
နေရာချလိုက်တော့မယ်နော်"

"အော်...ဟုတ်ကဲ့ ကျေးဇူး ပါ "

ယူချန်းတယောက် နှစ်ရက်တာခန့်
ခရီးဆက်လာပြီးနောက်တွင်

မိမိမွေးရပ်မြေသို့ရောက်ရှိလာခဲ့သည်။

သိပ်မကျယ်လှသော ဝန်းလေးထဲတွင်
တည်ဆောက်ထားသော
ဝါးအိမ်ကလေး....

ငါးနှစ်ကျော်နီးပါး လူသူနေထိုင်ခြင်းမရှိသည့်အတွက်
အရာရာဟာ အေးစက်လွန်းနေတယ်
သဘာဝရဲ့အရာများဖြစ်သော
ဖုန်မှုန့်များ နှင့်အတူ

ပင့်ကူမျှင်လေးများကလည်း
ဟိုသည် တွယ်ကပ်နေလျက်ရှိသည်။

ယူချန်းတယောက် မျက်စိတစ်ဆုံးစာပင်
ရှိသော အိမ်လေးအား
လှည့်ပတ်ကြည့်ရှုနေခဲ့သည်။

တချိန်က မိမိရဲ့နွေးထွေးရာအိမ်ကလေး
မိသားစုစုံလင်စွာနဲ့ အတူပျော်ရွှင်ခဲ့ရတဲ့အချိန်တွေ

အရာအားလုံးခဝါချပြီး လူသူသိပ်မရှိလှတဲ့
ဒီနေရာလေးကိုပြောင်းရွေ့လာပြီး
မိမိအားမွေးဖွားကာ လူဖြစ်ခွင့်ပေးခဲ့တဲ့
မိဘနှစ်ပါးအားကျေးဇူးတင်မိသည်။

ကြောက်မက်ဖွယ်လောဘသားကောင်တွေ
လက်ကနေရုန်းထွက်ခဲ့ကြပေမဲ့
ဒီနေရာမှာပဲ နောက်ထပ်ကြောက်မက်ဖွယ်
လူတွေရဲ့ လက်ချက်နဲ့ သူတို့မိသားစုလေး
ပြိုကွဲခဲ့ကြရပြန်တယ်။

အတိတ်ကလွါ်းမောဖွယ်ရာလေးတွေပေါ့
ပျော်ရွှင်ခြင်းတွေရော၊ ဝမ်းနည်းရခြင်းတွေရောဟာ
ဒီမှာရှိနေတဲ့အရာဝတ္ထုပစ္စည်းလေးတွေမှာ
ကပ်ငြိကာထင်ဟတ်နေလေရဲ့။

"ချန်းအာ....."

"မေမေ...."

ယူချန်း ဖုန်မှုန့်များရှိနေသော
ထမင်းစားစားပွဲလေးအား အသာထိတွေ့နေရင်း
အသံသဲ့သဲ့အားကြားမိသဖြင့်
ပြုံးလျက်နောက်သို့ ဝမ်းသာအားရ
လှည့်ကြည့်လိုက်မိသည်။

ပြန်လည်ငြိုးငယ်သွားသောမျက်နှာထက်၌ပင်
မဖြစ်နိုင်တာပဲဟူသော
အပြုံးတချက်ကို ထပ်မံ ဖြည့်စွတ်လိုက်မိသည်။

"ဟမ့်...ငါတကယ်ကိုပဲ
မေမေတို့မှ မရှိကြတော့တာ....."

ထိုစဉ် အပြင်မှ ပစ္စည်းများ
ရှင်းလင်းနေသော ကိုယ်ရံတော်နှစ်ဦးက

Love, But Hurt (Completed) Season 1Where stories live. Discover now