အပိုင်း ၂၆

36.5K 2.6K 96
                                    

"အကို ဒီနားတဝိုက်မှာနေတဲ့ အန်းလုဆိုတဲ့ကောင်လေးကိုသိလားဗျ"

ရှောင်ရှင်း လေ့ကျင့်ရေးကွင်းမှထွက်လာလိုက်ပြီးအားလော့ပြောသော အကြောင်းများကို
စုံစမ်းရန်ထွက်လာခဲ့လိုက်သည်။
ထိုကောင်လေးအိမ်နှင့်မနီးမဝေးတွင်ရှိသော စားသောက်ဆိုင် တွင် ဝင်ထိုင်ကာအစားအသောက်များမှာရင်း
စားပွဲထိုးလေးအား စကားစလိုက်သည်။ထိုအခါစားပွဲထိုးက

"သိတာပေါ့ အန်းလုက တကယ်ခင်ဖို့ကောင်းတဲ့ကောင်လေး"

"ဟုတ်လား ဒါဆိုကျွန်တော့ကိုသူ့အကြောင်းပြောပြပေးနိုင်မလား"

စားပွဲထိုးက ရှောင်ရှင်းအားအပေါ်အောက်တချက်ကြည့်လိုက်ပြီး

"ခင်ဗျားက ဘယ်သူလဲ။ ဘာလို့ အန်းလုအကြောင်းမေးတာလဲ။"

ရှောင်ရှင်းက စားပွဲပေါ်သို့ငွေအိတ်တစ်ထုပ်အား ပစ်ချပေးလိုက်သည်။
စားပွဲထိုးက ငွေထုတ်အားမြင်သောအခါတွင်မှ ရှောင်ရှင်းဘေးရှိခုံပေါ်တွင်ဝင်ထိုင်လိုက်သည်။

"ပြောပြမယ် ပြောပြမယ်"

ဟုဆိုကာ ငွေထုတ်အား.သူ့ရင်ဘတ်အဝတ်ကြားထဲထည့်လိုက်တော့သည်။

"အန်းလုဆိုတဲ့ကောင်လေးကဒီမြို့ကိုရောက်တာမကြာသေးဘူး။
သူကသိုသိုသိပ်သိပ်နေတယ်လို့ထင်တယ်။ကျွန်တော်သတိထားမိတာတော့ သူလွန်ခဲ့တဲ့
ခြောက်လလောက်ကမှ ချိုက်အန်းကိုရောက်လာတာ။
အစက သူ့ဘေးမှ နောက်ထပ်ယောက်ျားလေးတယောက်ရှိသေးတယ် ။အရပ်ရှည်ရှည်
ထောင်ထောင်မောင်းမောင်း နဲ့ပဲ"

"ယောက်ျားလေးတယောက်.....ဟုတ်လား အခုရှိသေးလား"

ရှောင်ရှင်းမေးခွန်းအား စားပွဲထိုးကပြန်ဖြေသည်။

"သူ့ကိုက လွန်ခဲ့တဲ့ငါးလလောက်ထဲကမတွေ့တော့တာ အန်းလုကတော့
ဒီတလောကမှ နယ်ကိုပြန်သွားတာဆိုလားပဲ
သူတို့ဟိုတလမ်းကျော်မှာနေတယ်လေ အခုအာ့မှာ အဘွားတယောက်နဲ့ကလေးလေးပဲ နေတော့တာ
အိမ်ကိုရောင်းခဲ့တာလားတော့မသိဘူး"

ရှောင်ရှင်းက အပြင်ဘက်ကိုလှည့်ကြည့်ပြီးမှ စားပွဲထိုး ဘက်လှည့်ကာ

Love, But Hurt (Completed) Season 1Where stories live. Discover now