အပိုင်း ၃

62K 3.4K 61
                                    


အန်းလုထိုအချိန်မှစ၍ ထိုသူလစ်မည့်အချိန်ကို စောင့်နေခဲ့သည်။ တံခါးပေါက်တွင်ရှိသော စက္ကူ ဖြင့်လုပ်ထားသည့်အကာအား အပေါက်ကလေးဖောက်ကာ အပြင်ဘက်အခြေအနေကို စူးစမ်းလိုက်သည်။

သူ့အခန်းရှေ့တည့်တည့်တွင် ကြီးမားသော ခြံ​နေရာအလွတ်ပုံစံတစ်ခုရှိသည်။
မက်မွန်ပန်းပင်လေးများရှိပြီး အပင်တစ်ပင်၏အောက်နားတွင် ကျောက်သားဖြင့်ပြုလုပ်ထားသော စားပွဲတစ်လုံးနှင့် ခုံအလွတ်များရှိသည်။

အန်းလုကြည့်တော့ ထိုသူက ဓားရေးလေ့ကျင့်နေပုံရသည်။ သူ၏ဓားကိုတစ်ဖက်သို့ထိုးလိုက်ခုတ်လိုက် ဝှေ့လိုက်နှင့် ​လုပ်နေသည်။ လေတဖြူးဖြူးတိုက်နေသည့်တခဏ ဝှေ့ဝဲနေသော ထိုသူ၏ ဆံနွယ်များနှင့်အတူ မက်မွန်ပွင့်ကြွေများက လေပေါ်တွင် ပြန့်လွင့်ကာနေပြီးမှ မြေပြင်နှင့်ထိတွေ့ကြသည်။

အန်းလုက ထိုမြင်ကွင်းကို မသိလိုက်စွာပဲ မျက်တောင်မခတ်တမ်း ကြည့်နေသည်။
တစ်ခဏနေတော့ ထိုသူ၏အနားသို့ အခြားယောက်ျားတစ်ယောက်ရောက်လာသည်။
ထိုသူက သူ၏ လက်နှစ်ဖက်ကို မြှောက်ကာ ယှက်လိုက်ပြီး.သူ၏ရှေ့ရှိလူအား ဂါရဝပြု လိုက်သည်။

"သခင်လေး....ကျွန်တော်စီစဉ်ပြီးပါပြီ။"

ထိုသူက သူ၏ဓားကို နောက်ကျောဘက်တွင်ကပ်ကာ ခေါင်း​ငြိမ့်ပြလိုက်သည်။
အန်းလုက ထိုသူအား.သေချာကြည့်ကာ မှတ်ချက်ပေးသည်။

(သူ ခေါင်းငြိမ့်ရတာအတော်ကြိုက်တဲ့ပုံပဲ။
တစ်ချိန်လုံးကို ငြိမ့်နေတာလားလို့...။)

ထိုသူက မလှမ်းမကမ်းတွင်ရှိသော ကျောက်စားပွဲပေါ်တွင်တင်ကာထားသည့် သူ၏ဓားအိမ် အား ယူလိုက်ပြီး ဓားကို ပြန်ထည့်လိုက်သည်။

(တစ်နေရာရာသွားတော့မှာလား။ဟုတ်တယ်မလား..။ဟုတ်မှာပါ။)

အန်းလုတွေးသည့်အတိုင်းပင် ထိုသူက အန်းလုအခန်းရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်ပြီးနောက် အပြင်ဘက်သို့ ထွက်သွားတော့​သည်။
သူ့အား.လာခေါ်သောသူကလည်း အန်းလုအခန်းရှိရာဘက်သို့ တချက်လှည့်ကြည့်ရင်း
ခေါင်းခါကာ နောက်မှလိုက်သွားတော့သည်။

Love, But Hurt (Completed) Season 1Where stories live. Discover now