"ယူချန်း......နင်အဆင်ပြေရဲ့လား"
"အာ.....ပြေပါတယ်..... ဘာလို့လည်း"
တပ်စခန်းသို့ပြန်ရောက်လာချိန်အထိ
ယူချန်းတယောက် မိမိအတွေးထဲတွင် နစ်မြောနေသည့်သည့်ဟန်။ထို့ကြောင့်ကျီယွမ်ကပင်
သတိပေးလိုက်ရသည်။"တကယ်လို့ နင်ကိစ္စမရှိဘူးဆိုရင်
ဒီမှာပဲ တပတ်လောက်နေလိုက်ပါလား
နင့်အတွက်မခက်ခဲဘူးဆိုရင်ပေါ့နောက်ရက်အနည်းငယ်ကြာရင်
မြှားပစ်ပွဲရှိတယ် လီချီရှန်းတို့လည်း
လာကြမှာဆိုတော့ အဲ့ဒီအချိန်ကြမှ နင်ပြန်လိုက်သွားလိုက်ပေါ့ မဟုတ်ဘူးလား"ယူချန်းကပြုံးလျက်
"အင်း......ကောင်းသားပဲ
ဒါပေမဲ့ ငါတကယ်အဲ့လိုလုပ်လို့ရော
ဖြစ်ပါ့မလား နင်အလုပ်များနေအုန်းမယ်"ကျီယွမ်က တက်ကြွစွာပင်
အမြန်လက်ခါပြလျက်"မများဘူး....မများဘူး....လုံးဝမများဘူး....
စိတ်ကြိုက်နေလို့ရတယ်....""ဟား...ဟား...."
ကျီယွမ်၏ အမူအရာကြောင့်
ယူချန်းက ခက်ဟဟရီလိုက်သည်။ပြီးမှ"ကျေးဇူးပါ ကျီယွမ် "
"အင်း........"
.................................
"စစ်.........."
"ရှူး........ရတယ်...သွား...သွား...."
ရေကန်တစ်ခုနားဘေးတွင်
ယူချန်းနှင့် အဒေါ်ကြီးများ တပ်သားများ၏
အိပ်ယာခင်းများအား လျှော်ဖွတ်ပြီး
နေပူလှမ်းနေကြသည်။ယူချန်းအား မလုပ်ရန်အကြိမ်ကြိမ်တားသော်လည်း
မရသဖြင့် အတူတူသက်သက်သာသာလုပ်ရန်
ဆုံးဖြတ်လိုက်ကြရသည်။ယူချန်းသည်လည်း ဤရက်အတွင်း
လွတ်လပ်မှုအပြည့်အဝခံစားရသည်။
မနာလိုမှုများ စိုးစဉ်းမျှမရှိ။
အေးချမ်းစွာ လွတ်လွတ်လပ်လပ်
နေထိုင်နိုင်သော ဤနေရာအားအလွန်သဘောကျမိသည်။ယူချန်းအိပ်ယာခင်းအချို့အား
လျှော်ဖွက်ကာနေသည့်အတွက် ရှေ့ကိုသာ
အာရုံစိုက်နေသဖြင့် ကျီယွမ်ရောက်နေမှန်းသတိမထားမိ။
YOU ARE READING
Love, But Hurt (Completed) Season 1
Romanceရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း.....ဖြစ်တည်လာတဲ့ တခုတည်းသောတောင်းဆုက မင်းပဲ...... အန်းလု ရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း..... ဖြစ်တည်လာတဲ့တစ်ခုတည်းသောတောင်းဆုက မင်းပဲ.....အန်းလု