အပိုင်း ၆၀

22K 1.9K 155
                                    

တစ်လခန့်ကြာပြီးနောက်

"ရှန်းရှန်း....ရှန်းရှန်း....ဒီဘက်ကိုလာ..."

ချိုက်အန်းပြည်နယ်ရဲ့ အနောက်ဘက်တွင်ရှိသော
တောအုပ်တစ်ခု၏ အတွင်ပိုင်းတနေရာ။

လှပပြီးစိမ်းစိုကာနေသော
ရေကန်ကျယ်နှင့် ပို၍ပြည့်စုံစေသည်က
တဝေါဝေါ ကျဆင်းနေသောရေတံခွန်။

ရေစီးကျသံတို့က ဆူညံသလို
အလွန်လည်းနားထောင်ကောင်းနေသည်။

နွေဦးရာသီရောက်၍ အပန်းဖြေသည့်အနေဖြင့်
ကိုယ်ရံတော်တချို့ကိုသာခေါ်လျက်
လာရောက်ခဲ့ခြင်းဖြစ်သည်။

ကြည်လင်နေသော ရေကန်၏အနက်သည်
ခါးလောက်ပင် ရှိသဖြင့်
အန်းလုဆော့ကစားရန် လွှတ်ထားပေးလိုက်သည်။

အပေါ်ဝတ်ရုံအား
ဘေးရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင်
ချွတ်ကာတင်လိုက်ပြီး
အန်းလုရှိရာ ရေကန်ထဲသို့ဖြည်းဖြည်းချင်း
ဆင်းလာခဲ့လိုက်သည်။

ရှောင်ရှင်းနှင့် ကိုယ်ရံတော်အဖွဲ့ကတော့
အန်းလုတို့အား ရှောင်ပေးသည့်အနေဖြင့်
သူတို့နှင့်မလှမ်းမကမ်းတွင်သာ
ရပ်လျက်စောင့်ကြပ်ပေးနေသည်။

ချီရှန်းက အန်းလုအနားသို့ရောက်လာပြီး
အန်းလု၏ နောက်ဘက်မှနေ၍
အန်းလုခါးလေးအား သိမ်းဖက်လိုက်သည်။

"ဟ....ရေဆော့နေတယ်လေ"

"အင်း...ကိုယ်သိတယ်...."

"ဒါဆို....လွှတ်..."

အန်းလုက ချီရှန်း ကိုယ်တွင်းမှ
ရုန်းထွက်လိုက်ပြီး
ရေအနည်းငယ်အား လက်ခုပ်ဖြင့်ယူကာ
ချီရှန်းအား ပတ်လိုက်သည်။

ချီရှန်းက လက်ဖြင့် ကာလိုက်ရင်း
အန်းလုကိုကြည့်လိုက်သည်။

"စိန်ခေါ်တာလား...."

"မကြောက်တာ...မကြောက်တာ
မကြောက်တာ..."

အန်းလုက ရီလျက် ချီရှန်းအား
ရေဖြင့်အဆက်မပြတ်ပတ်နေသည်။

ချီရှန်းက လက်ဖြင့်ကာလျက်
ကျန်လက်တစ်ဖက်က အန်းလု၏
သူ့အားပတ်နေသော လက်ကို ဆွဲဖမ်းပစ်လိုက်သည်။

Love, But Hurt (Completed) Season 1Where stories live. Discover now