အပိုင်း ၃၅

30.8K 2.3K 112
                                    

"လာတော့ ဒီနားလာထိုင်..."

"........."

ကျီချန်းနှင့် ရှောင်ရီတို့ ချိုက်အန်း မြို့ပြင်ရှိ
စားသောက်ဆိုင် တစ်ခုတွင်ဝင်နားကြရင်း
ကျီချန်းက လက်ဖက်ရည်သောက်နေရင်းမှပြောလိုက်သည်။

ရှောင်ရီကလည်း ကျီချန်းဘေးတွင်
မတ်တပ်ရပ်လျက် အသင့်အနေအထားဖြင့်ရှိနေသည်။

ကျီချန်းထိုစကားပြောလိုက်သည်နှင့်
သူတို့၏ နှစ်ခုံကျော်ထောင့်ဘက်စားပွဲနားမှ
ယောက်ျားလေးတစ်ဦးထလာပြီး
သူတို့ဆီသို့ တည့်တည့်လျောက်လာသည်။

ထိုသူက ကျီချန်းနားရောက်သည်နှင့်
အမြန်ပင်ထိုင်ချလိုက်ပြီး
ဆူပုတ်ပြနေသည်။

ကျီချန်းက လက်ဖက်ရည် သောက်နေရင်းပင်

"ဘယ်ချိန်ထဲကတကောက်ကောက်လိုက်နေတာလည်း"

"နင်ထွက်သွားတည်းက.
ငါလိုက်လာတာ မသိသာအောင် ဒီလိုပုံစံတောင်
ဝတ်စားထားတဲ့ဟာကို ဘယ်လိုလုပ်သိသွားတာလည်း"

"ငါကနင့်အကိုပါ....နင့်လောက်ကတော့ ကဲပြောစမ်း
နင့်ဘာသာ ထွက်လည်တာဆိုရင်တော့
ငါ့နောက်လိုက်မှာမဟုတ်ဘူး
နင်ဆန့်ကျင်ဘက်ကိုသွားမှာပဲ ဘာလည်း
ဦးရီတော် ကလိုက်လာခိုင်းတာမလား"

"နင် မှန်းတာတကယ်မှန်တယ်
သူငါ့ကို ဒါလိုက်ပေးခိုင်းတာ"

ကျီယွမ်က သူမ၏ ဝတ်ရုံအတွင်းမှ
သဝဏ်လွှာ တစောင်အား ထုတ်ပေးလိုက်သည်။

ကျီချန်းကကြည့်ပြီး

"ဘာကြီးလဲ "

"ဖိတ်စာလေ...ချိုက်အန်းက ဘုရင် မိဖုရားခေါင်ကြီး
တင်မြှောက်ပွဲ နောက်တပတ် ကျင်းပမှာ"

ကျီချန်းက ထိုစာအားဖတ်လိုက်ပြီး

"ဦးရီတော် က မဟာမိတ်ပါဖွဲ့စေချင်တဲ့ပုံပဲ
အင်း.....ငါသွားရမှာပေါ့ "

"ငါလည်း လိုက်မှာနော်....အခုတော်ကောက်တဲ့
မိဖုရားကအရမ်းလှတယ်တဲ့
ပြီးတော့ သူမှာ မိဖုရားတွေပေါမှပေါ

ငါတယောက်လောက်ပြန်ပေးဆွဲမလားလို့"

"အမလေး....တော်ပါတော်ပါ မင်းသမီး ရဲ့
အချိုးတွေကို ကိုယ့်အိမ်မှာပဲကိုယ်ထားခဲ့ပေးပါ
ဘာပြဿနာမှမရှာပါနဲ့ခဗျာ"

Love, But Hurt (Completed) Season 1Where stories live. Discover now