အပိုင်း ၅၆

22.5K 2.2K 276
                                    

"အန်းလု....ကိုယ်တို့ရောက်တော့မယ်
ခနလေးပဲနော်....အားတင်းထားပေးပါ "

"ရှန်း...ရှန်း....ကျွန်...ကျွန်တော်
အိပ်ချင်နေပြီ...."

လှည်းယာဉ်ထက် ချီရှန်းက
အန်းလုအားထွေးပွေ့ကာထားသည်။
မောင်းနှင်သူကိုလည်း အမြန်ဆုံးသွားရန်
အော်ပြောနေရသေးသည်။

လမ်းခရီးသမားတော်ကမပါလာသဖြင့်
နန်းတော်သို့သာ အမြန်ပြန်မှအဆင်ပြေမည်။

ထိုးစိုက်နေသော မြှား၏ အပေါ်ပိုင်းထက်ဝက်အား
ချိုးထားပြီး ဘေးမှယူချန်းက
အန်းလု၏ တစထက်တစစိမ့်ထွက်နေသော
သွေးများအား သုတ်သင်ပေးနေရသည်။

အန်းလုတယောက်အသက်ရှုရသည်ကပင်
အလွန်ခက်ခဲလာသည်။
မိမိကိုကြည့်ကာ ယောက်ယက်ခက်နေသော
ချီရှန်းကိုလည်း အလွန်အားနာမိသည်။

တဖြည်းဖြည်း ပြာနှမ်းလာသော
နှုတ်ခမ်းပါးလေးဖြင့် ချီရှန်းအားပြုံးပြရင်း

"ကျွန်တော်...အိပ်ရေးလည်း...ဝရဲ့သားနဲ့
ဘာ..ဘာလို့များ..ဒီလောက်အိပ်ချင်နေရတာလည်း
မသိဘူး..."

"မဟုတ်ဘူး.... အန်းလု...မအိပ်ရဘူးနော်
အိပ်လိုက်လို့မဖြစ်ဘူး..."

ချီရှန်းက အန်းလု၏ သွေးများစွန်းထင်နေသော
လက်တဖက်အား သူ၏ ပါးပြင်နှင့်
ထိတွေ့ထားရင်း မျက်စိကိုမှိတ်ကာ ငိုနေပြန်သည်။

တလောကဝယ် တည်ကြည်ခံညားလွန်းသော
ဧကရာဇ်သည် ယခုအချိန်တွင်တော့
ခိုကိုးရာမဲ့နေသည့် လူတယောက်နှယ်
ငိုနေခဲ့သည်။

.................................

"မြန်မြန်...မြန်မြန် သမားတော်တွေ
အကုန်ခေါ်လာ....အခုအကုန်လာခိုင်းလိုက်"

"အရှင်....ဒါကဘယ်လိုဖြစ်....."

ရင်ဘတ်မြှားတန်းလန်းအပြင်
နှစ်ဦးသား၏ သွေးများပေပွနေသောဝတ်ရုံတို့ကြောင့်
အားလော့တယောက်လန့်ထိတ်သွားရသည်။

"မြန်မြန်....... "

"ဟုတ်ကဲ့ပါ အရှင်..."

ချီရှန်းတယောက် အန်းလုကိုပွေ့ချီရင်း
သူ၏ အိပ်ဆောင်သို့အမြန်ဝင်လိုက်သည်။

Love, But Hurt (Completed) Season 1Where stories live. Discover now