အပိုင်း ၂၇

39.8K 3K 242
                                    

"အရှင်.....ခေါ်ပါသလား"

"အင်း....ဒီနားကိုလာခဲ့"

အန်းလုလည်း ချီရှန်း အနားသို့ဖြည်းဖြည်းချင်း တိုးလာလိုက်ပြီး စာကြည့်စားပွဲနား
ရောက်သောအခါတွင် မှရပ်တန့်လိုက်သည်။

ချီရှန်းက မိမိဘေးနားလာစေချင်သော်လည်းအန်းလုက သူနှင့်စားပွဲတစ်လုံးကြားခံ၍
ရပ်နေသောကြောင့် အန်းလုကိုမော့ကြည့်လိုက်သည်။

"ဒီနားကိုလာ လို့ပြောတာ ကိုယ့်ရဲ့ဘေးနားကို"

အန်းလုလည်း ချီရှန်း အနားသို့တိုးသွားလိုက်သည်။
အန်းလုဘေးနားရောက်တော့ချီရှန်းက ဖက်လက်စစာအုပ်ကို စားပွဲပေါ်တင်လိုက်ပြီး
မတ်တပ်ရပ်နေသော အန်းလုအား ထိုင်နေလျက်ပင်ခါးမှ ဖက်တွယ်လိုက်သည်။
ပြီးနောက် အန်းလု ဝမ်းဗိုက်အားမှီလျက် မျက်စိစုံမှိတ်ကာခတ္တခဏမျှ ငြိမ်သက်နေလိုက်သည်။

အန်းလုမူ တခဏ တော့ကြောင်တောင်တောင် ဖြစ်နေပြီး
ရုတ်တရက် သတိရမိသွားသည်က ရှောင်ယွီ ၏*ငါ..အရှင့်ကိုချစ်မိနေပြီထင်တယ်နင်ငါ့ကိုကူညီပေးပါ* ဟူသောစကားပင်

အန်းလု ချီရှန်းသိုင်းဖက်ထားသောနွေးထွေးသည့်လက်တစ်စုံအားချက်ချင်း ဆွဲခွာပြီး ဖြုတ်ချလိုက်သည်။
နောက်သို့ နှစ်လှမ်းခန့်ဆုတ်သွားလိုက်ပြီးငြိမ်ငြိမ်လေးရပ်နေလိုက်သည်။
ချီရှန်းက ရုတ်တရက် ဖြုတ်ချခံလိုက်သောကြောင့်အန်းလုအား.မော့ကြည့်လိုက်စဉ်
အဝေးကိုရောက်သွားသာကြောင့်အန်းလုအား မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ဒီလိုလုပ်နေတာ မကောင်းဘူးလို့ထင်တယ် ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အခု အစေခံနဲ့ သခင် သဘောမျိုးလေ။ ဒီလိုတွေမလုပ်သင့်ဘူးလို့ထင်တယ်။
အဲ့ဒါကြောင့် ကျွန်တော့နဲ့ ဖြစ်နိုင်ရင် ဝေးဝေးမှာပဲ နေပေးပါ ။ကျွန်တော့်ကိုမကစားပါနဲ့"

ချီရှန်းက ထိုင်ခုံပေါ်မှ ထလိုက်ပြီးအန်းလုနားသို့တိုးကပ်သွားလိုက်သည်။

"ဘာလို့ စကားကို တရင်းတနှီးသုံးနေရတာလဲ။
ပြီးတော့ငါမင်းကို ကစားနေတာမဟုတ်ဘူး။မင်းဘာလို့မင်းတွေးချင်တာကိုပဲတွေးနေရတာလဲ။"

Love, But Hurt (Completed) Season 1Where stories live. Discover now