အပိုင်း ၄၀

28K 2.2K 131
                                    

"ကျီယွမ် နင်ဘာဖြစ်နေတာလည်း"

မင်္ဂလာ ပွဲ့ပြီးချိန်တွင် ကျီချန်းတို့
ဧည့်သည်ဆောင်တွင်နေထိုင်ရန်ပြင်ဆင်ပေးထားသည်။

စားပွဲပေါ်တွင် မေးတင်ကာ
မှိုင်ပြနေသော ကျီယွမ် အား ကျီချန်းကြည့်၍
မေးလိုက်သည်။

ကျီယွမ်က သက်ပြင်းတချက်ချပြီး

"ဟူး......ဘာမှမဟုတ်ဘူး "

ကျီချန်းက မတ်တပ်ရပ်နေရာမှ
ထိုင်လိုက်ပြီး

"နင် မှိုင်နေတာမျိုး မြင်ရခဲပါတယ်
ပြောဘာဖြစ်လို့လည်း နင့်ကိုတယောက်ယောက်အနိုင်ကျင့်လိုက်လို့လား"

"အကို့.....ငါလေ....."

"အင်းပြော...."

"ငါ...တယောက်ယောက်ကိုကြိုက်နေမိပြီထင်တယ်"

"ဘယ်သူလည်း...ငါနင့်ကို လီချီရှန်း ရဲ့
မိဖုရားတွေအဆောင်ဘက်မသွားနဲ့လို့မပြောဘူးလား
နင်သူတို့ကို ကြိုက်လည်းရမှာမဟုတ်ဘူး
နင်ကမိန်းကလေး......

နင်ဒီနေ့ပွဲမှာ ယောက်ျားလေးလိုဝတ်ကတည်းက
ငါထင်သားပဲ....နင်..."

"အမလေး...အကိုရယ်...အမောဖောက်ပြီးလည်း
သေသွားပါအုန်းမယ်
ဖြေးဖြေး ပြောပါဟဲ့

ငါ...မိဖုရား တွေကိုမကြောင်ပါဘူးဟာ
ငါအခုတွေ့ခဲ့တာက ကောင်လေးတယောက်ဟ"

ကျီချန်း၏ မျက်ဝန်းတစ်စုံက
အရောင်များလဲ့လာခဲ့သည်။
မိမိညီမအနေနှင့်ကောင်လေးတယောက်အား
ကြိုက်သည်ဟုပြောသည်မှာ

ထူးဆန်းသည်ဟုဆိုပေရမည်။
အရွယ်ရောက်ချိန်မှစ၍သူမသည်
တခါမျှ ယောက်ျားတယောက်အကြောင်းကို
ပါးစပ်မှထုတ်ပြောခြင်းမရှိခဲ့ပေ။

ဘယ်မိန်းကလေးက မည်သို့လှကြောင်း
ကိုသာ နှိုက်နှိုက်ချွတ်ချွတ်ပြောလေ့ရှိသည်။

ကျီချန်းက ကျီယွမ် အနားကို
အတင်းတိုးသွားလိုက်ပြီး

"ပြောစမ်း...ပြောစမ်း..ငါ့ညီမ
နင်နောက်ဆုံးတော့ ပုံမှန်ပြန်ဖြစ်ပြီပေါ့
ဘယ်တယောက်လည်း ဘယ်အမှုထမ်းလည်း
ငါ လီချီရှန်း ဆီကတောင်းပေးမယ်

Love, But Hurt (Completed) Season 1Where stories live. Discover now