အပိုင်း ၅၀

25.1K 2K 124
                                    

"ဘယ်....ဘယ်အထိသွားအုန်းမှာလည်း"

"ခနလေး....ရောက်တော့မယ်
သတိထားအုန်း....."

အန်းလု၏ မျက်ဝန်းတစ်စုံအား
ချီရှန်းက အဝတ်စတစ်ခုဖြင့် စည်းနှောင်ပြီး
နေရာတစ်ခုသို့ခေါ်ဆောင်လာသည်။

ခြံဝင်းကြီးတစ်ခု၏ တံခါးမကြီးအနားရောက်တော့
ချီရှန်းက အန်းလု၏ လက်အား
သေချာစွာဆုပ်ကိုင်ထားရင်း

"ရှေ့မှာ တံခါးဘောင်ရှိတယ် ကျော်လိုက်"

အန်းလုက လည်း ချီရှန်းစကားကြောင့်
ခြေထောက်တဖက်အား မြှောက်လျက်
အမြန်ပင်ခွကျော်လိုက်သည်။

အလင်းပျောက်ကာ အမှောင်ညသို့
ရောက်နေသော်လည်းပဲ
အန်းလု တို့ဝင်လာသည့်နေရာသည်
လင်းထိန်နေလျက်ရှိသည်။

အဝတ်စ၏ ကာဆီးမှုကြောင့်
အန်းလုတယောက်မမြင်ရသော်လည်း
အလင်းရောင်ကိုမူခံစားနေရသည်။

အနည်းငယ်လျောက်လာပြီးနောက်တွင်
ချီရှန်းက အန်းလု၏ ပုခုံနှစ်ဖက်အား
ကိုင်ထားရင်းနှင့်ပင် အန်းလုအား
ရပ်တန့်စေလိုက်သည်။

သူသည်လည်း အန်းလု၏နောက်မှ
ရပ်တန့်ကာ အန်းလု၏အမြင်အာရုံအား
နှောက်ယှက်နေသော
ပိတ်လွှာစကို အသာဖယ်ရှားပေးလိုက်သည်။

အန်းလုမျက်လုံးဖွင့်ဖွင့်ခြင်း တွေ့လိုက်ရသည့်
မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြင့်
စကားတခွန်းမျှပင်မဆိုနိုင်ဖြစ်နေသည်။

မိမိရှေ့တွင်၌သာမက
ပတ်ပတ်လည်ဝန်းကျင်တစ်ခုလုံးနီးပါးတွင်
အစီအရီသွယ်တန်းကာထားသော
မီးပုံးများ ကို တွေ့မြင်နေရသည်။

ချိတ်ဆွဲထားသည့်ရောင်စုံမီးပုံးလေးများအပြင်
မြေပြင်ပေါ်တွင်ပါထိုရောင်စုံမီးပုံးလေးများကို
နေရာချထားသေးသည်။

ဥယျာဉ်ကြီးတစ်ခုလူံး ထိန်ထိန်လင်းလျက်
မီးပုံလေးများဖြင့်သာ ပြည့်နှက်နေလျက်ရှိသည်။

"ဝါး......လှလိုက်တာ...."

အန်းလုတယောက် ချီရှန်းအနားမှ
အမြန်ပြေးကာ ထိုမီးပုံးလေးတွေနားသို့
သွားလိုက်ပြီး မြေပြင်တွင် စီထားသော
ရောင်စုံမီးပုံးလေးများထဲမှ တစ်ခုကိုကောက်ယူလိုက်ရင်း ချီရှန်းဘက်အားလှည့်ကာ

Love, But Hurt (Completed) Season 1Where stories live. Discover now