အပိုင်း ၁၆

34.4K 2.4K 74
                                    

*ရွှမ်း....... ရွှမ်း..........ရွှမ်း..........*

"အား............"

နေအလင်းရောင်သည်ဘယ်ဆီကမှန်းပင်မသိရလောက်အောင် ပတ်ပတ်လည်
အုတ်အမဲများ ဝန်းရံထားပြီး သံတိုင်တွေခြားကာအခန်းငယ်များစွာရှိသောနေရာတစ်ခု။
ထိုအခန်းများ၏ အဆုံးသတ်တနေရာတွင်လူတယောက်အား လက်ဝါးကပ်တိုင်ကဲ့သို့
နေရာတွင် သံကြိုးများဖြင့်ပူးချည်ထားသည်။
ထိုသူ၏ လစ်ဟာနေသော ရင်ဘတ်၊ လက်မောင်း၊ပေါင်တံ အစရှိသည့် နေရာများအား ကြာပွတ်ဖြင့်
ပြင်းပြင်းထန်ထန်ရိုက်နှက်နေသည်။

တချက် လွှဲလိုက်သည့်အချိန်တိုင်းထွက်ပေါ်လာသည့်ကြာပွတ်၏မြည်သံနှင့်အတူ
ထိုလူ၏ အော်ဟစ်နေသံမှာလည်းအလုံပိတ်အခန်းအတွင်းတွင် ပဲ့တင်ထပ်နေသည်။
ထိုသူ၏ တကိုယ်လုံး၌လည်း သံပူကပ်ခံထားရသောဒဏ်ရာ၊ ကြာပွတ် ဒဏ်ရာများနှင့် သွေးအလူးလူးဖြစ်ကာ
အကျည်းတန်ရုပ်ဆိုးနေသည်။ထိုသူမှာ ရှောင်ရှင်းတို့ဖမ်းလာခဲ့သည့်လုပ်ကြံသူတယောက်ပေ။

ဤသည်ကို အကြင်နာကင်းမဲ့စွာ အေးဆေးထိုင်ကြည့်နေသူက ချီရှန်းပေ။
ထိုင်ခုံပေါ်တွင် ထိုင်လျက် ခြေကိုချိတ်ကာထားသည်။လက်တဖက်ကပေါင်ပေါ်တင်ထားပြီး
ကျန်တဖက်က ထိုင်ခုံ၏လက်ရမ်းတွင်တင်ကာမေးထောက်ထားသည်။

ဘုရင်ဝတ်ရုံအပြည့်ဆင်မြန်းထားပြီးထိုဝတ်ရုံအနက်၏ ကျောပြင်ဘက်တွင် ရွှေချည်ဖြင့် လှပတင့်တယ်လွန်းလှသောနဂါးတကောင်ပုံကို ထိုးထားသည်။
နက်မှောင်နေသောဆံနွယ်ကို အပြည့်ထုံးထားပြီးဘုရင် ခေါင်းဆောင်းကို ကျက်သရေတင့်တယ်မှု
အပြည့်ဖြင့်ဝတ်ဆင်ထားသည်။သူ၏နံဘေးတွင် ရပ်နေသူကရှောင်ရှင်း။
တရွှမ်းရွှမ်း ရိုက်နေမွုကြောင့်အနှီလုပ်ကြံသူမှာယဲ့ယဲ့ပင်ကျန်တော့သည်။

ချီရှန်းက လက်တဖက်ကို ထောင်ပြလိုက်ပြီးကြာပွတ်ကိုင်ထားသူအားရပ်စေလိုက်သည်။
ထိုသူကလည်း ကြာပွတ်ကိုသိမ်းလိုက်ပြီးချီရှန်းကိုဂါရဝပြုကာ ဘေးတွင်ရပ်နေလိုက်သည်။

"ဒီလောက်ဆို မင်းပါးစပ် က အမှန်ထွက်သင့်ပြီထင်တာပဲ ။ငါမေးမယ်။
မင်းရဲ့နောက်ကွယ်ကစေခိုင်းသူကဘယ်သူလဲ။
အဲ့ဒီနေ့က မျက်နှာဖုံးနဲ့မဟုတ်ဘဲ အဝတ်မည်း စည်းထားတဲ့သူကဘယ်သူလဲ။ မင်းတို့ရဲ့စေခိုင်းသူလား။"

Love, But Hurt (Completed) Season 1Where stories live. Discover now