အပိုင်း ၄၆

29.7K 2.1K 156
                                    

"ကိုကိုချီရှန်း....... "

ကျင်းဟွားလင် တယောက် သူမအဆောင်ရှိ
ထိုင်ခုံတွင်ထိုင်ကာ တွေးတောနေသည်။
ထိုအချိန်တွင် ချီရှန်းရောက်လာသည့်အတွက်
အပြုံးပန်းကို ဆင်မြန်းရင်း

အမြန်ပင်ထ၍ ဂါရဝါပြုရန်ပြင်လိုက်သည်။

"ကိုကိုချီရှန်း ကို ဟွားလင်
ဂါရဝပြုပါတယ် "

ချီရှန်းက သူမအား
မကြည့်ပဲ ခန်းမဆောင်အတွင်းသို့ဝင်လာလိုက်သည်။

ဟွားလင်အား ဖြတ်ကျော်လျက်
သိပ်မဝေးသော နေရာနားရောက်သော
အခါတွင်မှ ဟွားလင်တို့အား ကျောပေး၍
ရပ်လိုက်သည်။

ချီရှန်းက ကျောပေးထားလျက်ပင်

"ငါ ရှင်းရှင်းပဲမေးမယ်
မင်း အန်းလုကိုဘာတွေသွားပြောခဲ့တာလည်း"

ဟွားလင်က ခေါင်းထောင်လာပြီး
ချီရှန်း၏ကျောပြင်အားကြည့်လျက်

"ဟွားလင်က.....ဒီအတိုင်း....."

ချီရှန်းက ရုတ်တရက် လှည့်လာပြီး

"မင်း မပြောနိုင်တော့ဘူးမလား
ငါသတိပေးထားမယ် အန်းလုကို မထိပါနဲ့

သူ့ကိုမင်း တခုခုလုပ်ဖို့ကြိုးစားခဲ့ရင်
မင်းဘာသာ ဘယ်သူဖြစ်ဖြစ်
ငါညှာမှာမဟုတ်ဘူး နားလည်လား"

ဟွားလင်က ချီရှန်း၏ အမိန့်ဆန်ဆန်
တင်းမာလှသော စကားများကြောင့်
ခေါင်းကိုသာ အသေငုံ့ထားသည်။

ချီရှန်းက စကားကုန်ပြောပြီး နောက်
ဝတ်ရုံလက်အား တချက်ခါရင်း
အပြင်သို့ပြန်ထွက်သွားတော့သည်။

ဟွားလင်က ခေါင်းငိုက်ဆိုက်ကျနေတုန်း
သူမဘေးတွင်ရှိသော
အထိန်းတော်မာ က သူမ၏ပခုံးအား
ဖမ်းဆုပ်ရင်းအားပေးစကားဆိုလိုက်သည်။

"မိဖုရားခေါင်ကြီး ဒီလောက်လေးနဲ့
ပျော့ညံ့သွားလို့မဖြစ်ဘူး

တခုခုကိုလိုချင်ရင် ရအောင်ယူတတ်တဲ့ အရှင့်ရဲ့
စိတ်ဓာတ်ကို အတုယူလေ့ရှိတဲ့
မိဖုရားခေါင်ကြီး ဟာလည်း
သူ့နည်းအတိုင်းပဲ သူ့ကို ပြန်ရယူရလိမ့်မယ်"

ထိုအခါမှ ဟွားလင်က ခေါင်းထောင်လာပြီး
လက်သီးကိုတင်းတင်းဆုပ်လျက်

Love, But Hurt (Completed) Season 1Where stories live. Discover now