အပိုင်း ၃၉

28.3K 2.3K 239
                                    

"ပျင်းဖို့ကောင်းတယ်...ဘုရားကျောင်းရောက်နေသလိုပဲ"

အန်းလုရေရွတ်လိုက်မိသည်။

နန်းရင်ပြင်ကြီးတစ်ခုလုံးကတော့
အနီရောင် ဖဲ ကြိုးတွေ ပန်းပွင့်ပန်းဖွားတွေနဲ့
ပြည့်နှက်လို့နေလေသည်။

ထိုနည်းအတူ လူအပေါင်းတို့သည်လည်း
မိမိအဆင့်အတန်းနှင့်အညီ နေရာယူထားကြသည်။

လှပလွန်တဲ့ အနီရောင်လျောက်လှမ်းထက်တွင်
လျှောက်လှမ်းလာတဲ့ ဆွဲမက်ဖွယ်ကောင်းလှသော
မိန်းကလေးတစ်ဦး
မိဖုရားခေါင်ကြီး အရောင်အဝါနှင့်
ပြည့်စုံလှပလွန်းနေသည်။

အနီရောင် မင်္ဂလာ ဝတ်စုံကြီးအား
ဝတ်ဆင်ထားပြီး ရွေအတိပြီးသော
ခေါင်းဆောင်းနှင့်အတူ လှပသော အနီရောင်
ကျောက်အသွယ်သွယ်ဟာလည်း ခေါင်းထက်မှ
တွဲလောင်းကျနေလေရဲ့

သို့သော်သူမကတော့ နန်းရင်ပြင်ရှိ
လှေကားထစ်များအဆုံးတွင်ရပ်နေသော
ခန့်ညားလွန်းသည် ထိုလူသားထံကိုသာအပြုံးများပေးလျက်
လျှောက်လှမ်းလာနေသည်။

အန်းလု ကျင်းဟွားလင် အား
မသိမသာချောင်းကြည့်လိုက်မိသည်။
သူမကိုကြည့်ရသည်မှာ အလွန်ပင်ပျော်နေသည့်ပုံ။

တလောကလုံးကိုအပိုင်စားရနေသကဲ့သို့။

ချီရှန်းကိုပါတလှည့်ကြည့်မိတော့
လှေကားထပ်ကြီးရဲ့အဆုံးတွင် တည်တည်ကြီးရပ်နေလေရဲ့။

ထိုတခဏတော့မနာလိုဖြစ်မိသည်မှာအမှန်။
ချီရှန်းဟာ သူတယောက်တည်း၏အပိုင်ဖြစ်သင့်သည်ဟူသော သဝန်တိုမှုက သူ့ထံသို့ရောက်ရှိလာခဲ့သည်။

(ကျွန်တော်ရော မိန်းကလေးသာဆို
ဒီလိုမျိုး ရှန်းရှန်း နဲ့အတူ လူအပေါင်းရဲ့
လေးစားခြင်းကိုခံရမှာလား
ရှန်းရှန်း နဲ့အတူ ဒီနေရာမှာ အပြုံးတွေနဲ့
လျောက်လှမ်းနိုင်မှာလား........

ရှန်းရှန်း နဲ့တူတဲ့ သားလေးတယောက်မွေးပေးနိုင်မှာလား)

"အား....ငါဘာတွေဖြစ်နေတာလည်း
မဖြစ်နိုင်တာတွေ......ငါလစ်ထွက်လို့ရမလားမသိဘူး
ပျင်းနေပြီ "

Love, But Hurt (Completed) Season 1Where stories live. Discover now