အပိုင်း ၁၀

42.7K 2.6K 35
                                    


ကျယ်ပြောလှသော ခြံဝင်းကြီးအဆောင်များ အထပ်ထပ်ကာရံပြီးပန်းမန် ပျိုးပင်များဖြင့် ရောင်စုံပွင့်လန်းကာလှပလျက်ရှိနေသည့် အိမ်တော်တစ်ခု။

ထိုအိမ်တော်သို့ ဖြာကျလာသောနေမင်းကြီးနှင့်အတူဖြတ်သန်းဝင်ရောက်လာသော
လူတစ်ယောက်။ ထိုသူ၏ သြဇာအာဏာ
ခြုံလွှမ်းနေသော အငွေ့အသက်များကမူ ဆောင်းရာသီတစ်ခုကဲ့သို့ အေးစက်နေသည်။
ထိုလူ၏ နောက်တွင် ပါလာသူတို့မှာလည်းအလွန်ပင်အေးဆေးတည်ငြိမ်လျက် လက်ယာ ဘက်မှလူက အခြားဒဏ်ရာရနေသောလူကို
တွဲထားသည်။သို့သော်...ငြင်သာမှုကကင်းမဲ့လျက်။ လက်များကိုလည်း ကြိုးအထပ်ထပ်ဖြင့်ချုပ်နှောင်ရင်းဖမ်းဆီးလာခြင်းပင်။

ဤသည်က ချီရှန်း တို့ပင်။ရုတ်တရက်
ဝင်ရောက်လာသောကြောင့် နယ်စားမင်းရှဲ့ဖူသည် သူ၏ အစေခံများကိုဓားဆွဲစေပြီး ချီရှန်းတို့အားဝန်းရံစေလိုက်သည်။သို့သော် ... ရှဲ့ဖူနှင့် အတူအမှန်တကယ်ပင် ဝန်းရံခံနေရသည်က ထိုအစေခံများပင်။

ခမ်းနားလှပြီး မြင့်မားသောအုတ်နံရံ တံတိုင်း ထက် အသီးသီးတွင် ဝတ်ရုံနက်နှင့်လူများ မြှားကိုယ်ဆီကိုင်ကာ ရှဲ့ဖူအား ချိန်တွယ်ထားလိုက်ကြသည်။

ရှဲ့ဖူမှာ ကြောက်အားလန့်အားဖြင့် တုန်လှုပ်နေသည်။ချီရှန်းအနောက်သို့ ကြည့်လိုက်မိသည့်အခါ သွေးသံရဲရဲထနေသော ဓားပြခေါင်းဆောင်အားတွေ့ရှိလိုက်ရတော့သည်။

"မင်း....မင်း...မင်းတို့ကဘယ်သူတွေလဲ။
နယ်စားမင်းအိမ်ကို ဒီလိုဝင်ချင်တိုင်းဝင်လို့ရမယ်ထင်နေလား။"

ထို့နောက် ရှောင်ရှန်းက အသံကျယ်ဖြင့်အော်ပြောလိုက်သည်။

"ဒါ ဧကရာဇ်မင်း လီချီရှန်း ပဲ။ မင်းတို့အခုအချိန်အထိ ဂါရဝမပြုသေးဘူးလား။"

"ဟင်....အ...အရှင်....မင်းကြီး....ဟုတ်လား။"

ရှဲ့ဖူက ချီရှန်း အား တချက်မဝံ့မရဲပြန်ကြ ည့်လိုက်ပြီး ဒူးထောက်ကာ ထိုင်ချလိုက်တော့ သည်။ လက်နှစ်ဖက်ကို မြေပြင်နှင့်ထိပြီး ဝပ်တွားကာ

"အရှင်မင်းကြီးကို ကျွန်တော်မျိုးရှဲ့ဖူက ဂါရဝပြုပါတယ်။"

Love, But Hurt (Completed) Season 1Where stories live. Discover now