အပိုင်း ၆၆(final part)

47.2K 2.8K 350
                                    

ချီရှန်း အန်းလုအားပွေ့ချီလျက်ပင်
သူ၏ အဆောင်ရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။

မိမိအဆောင်ရှေ့ရောက်သည်နှင့်
အဆောင်အတွင်းအား မဝင်ပဲ ထိုအရှေ့တွင်ပင်
ဒူးထောက်ကာ ထိုင်ချလိုက်သည်။

အန်းလုအားထွေးပွေ့ထားလျက်ပင်
ကျယ်လောင်သည့် အသံဖြင့်အော်ဟစ်လိုက်သည်။

"အား.............."

ရှောင်ရှင်းက ချီရှန်း၏နောက်တွင်
ချီရှန်းအား ရပ်ကြည့်နေရုံမှတပါး မတတ်နိုင်ပေ။

အန်းလုအား တင်းကျပ်စွာဖက်ထားရင်း

"အန်းလု......အန်းလု....ကိုယ့်ကို
မထားခဲ့ပါနဲ့...မင်းမရှိပဲ
ဘယ်လိုဆက်ရှင်သန်ရမှာလည်း

အန်းလု..... ပြန်လာခဲ့ပေးပါ...ကိုယ့်ဆီကို
ပြန်လာခဲ့ပေးပါ....နိုးလာပါတော့ နိုးလာပါတော့
အန်းလု......."

သူ၏ ရင်ခွင်အတွင်းရှိ မျက်စိအစုံမှိတ်ကာ
ငြိမ်သတ်နေသော ထိုလူသားလေးအား
ချီရှန်း လှုပ်ကာနှိုးနေမိသည်။

ဤတကြိမ်သည်လည်း ယခင်က
ဖြစ်ခဲ့ဖူးသည့် ပုံစံအတိုင်း အန်းလုပြန်ရှင်သန်လာလျင် ကောင်းပေလိမ့်မည်။

သူမျှော်လင့်ဆုံးအရာသည်
ယခုအချိန်တွင် ထိုတစ်ခုတည်းသာ။

အန်းလု၏ လက်ကလေးအား
ဆုပ်ကိုင်လိုက်ပြီး သူ၏
ပါးပြင်နှင့်ထိတွေ့စေလိုက်သည်။

ဆုပ်ထားသော လက်ကလေးအား
ချီရှန်းဖြေချလိုက်တော့

ထွက်ပေါ်လာသည်က စက္ကူ လုံးလေးတစ်ခုနှင့်
သူပေးခဲ့သော ဆွဲ ကြိုးလေးပင်။

ချီရှန်း ထိုစက္ကူလုံးအား တဖြည်းဖြည်း ချင်း
ဖြည်ကာ ဖတ်ရန်ကြိုးစားလိုက်သည်။

မိမိပေးထားသော စာ၏
အပေါ်ယံတွင် မှင်အစား သွေးဖြင့်
ရေးကာထားသော စာလုံးလေးများ။

ပုံစံမကျ မသေမသပ်ဖြစ်နေသည့်
လက်ရေးလက်သားတို့သည် ချစ်စဖွယ် ကောင်းနေ၏။

*ရှန်းရှန်း နဲ့ဆုံခဲ့ရတာကို
ဘယ်တုန်းကမှနောင်တမရပါဘူး.....*

ချီရှန်းမှာမို ထိုစာအားဖတ်ပြီးနောက်
ဆွဲကြိုးလေး အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း
အန်းလုကိုကြည့်ကာ ငိုကြွေးပြန်သည်။

Love, But Hurt (Completed) Season 1Where stories live. Discover now