အပိုင်း ၃၁

34.9K 3.1K 322
                                    

"ရှောင်ရှင်း အန်းလုကို
အခု ငါ့အဆောင်ကို လာခိုင်းလိုက်"

"ဟုတ်ကဲ့ပါ အရှင်"

ချီရှန်း နန်းတော်သို့ ပြန်ရောက်ရောက်ချင်း
အန်းလုအား တွေ့ရန်သာ
စိတ်ကရှိနေသည်။

စိတ်ထဲကလည်း အလွန်လေးလံပြီး
မအီမသာ ဖြစ်နေရသဖြင့်
ယခုအချိန်တွင် ဖြစ်ချင်သည့်ဆန္ဒသည်
ချစ်ရသူကို တွေ့၍ ပွေ့ဖက်မိချင် ခြင်းသာ။

နန်းတော် အတွင်း ဝင်လာသည်နှင့်
ချီရှန်းတို့ရှေ့တွင် ရပ်လိုက်သူက

ချန်ကုန်းကုန်း ပင်။

"အရှင် မယ်တော်ကြီးက
သူ့ဆီကို တန်းလာခဲ့ဖို့ပြောပါတယ်"

ချီရှန်းက ချန်ကုန်းကုန်း အား
ကြည့်လိုက်ပြီး

"ဘာကြောင့်လည်း...."

"လုပ်ကြံသူ တယောက်ကို
ဖမ်းမိထားတယ်လို့ပြောပါတယ်
လွန်ခဲ့တဲ့ ခူနှစ်လက ဖြစ်ခဲ့တဲ့ အရှင့်ကို
လုပ်ကြံတဲ့သူတွေထဲကတယောက် လို့ပြောပါတယ်"

ထိုစကားကြားတော့ ချီရှန်းက
ရှောင်ရှင်းအား ကြည့်လိုက်သည်။
ရှောင်ရှင်း ကလည်း ချီရှန်းအား ပြန်၍
ကြည့်လိုက်သည်။

ပြီးမှ

"မယ်တော်ကြီး အဆောင်ကိုသွားမယ် လမ်းပြ"

"ဟုတ်ကဲ့ပါ အရှင်"

................................................

"ရှန်းအာ လာပြီလား "

ကျယ်ဝင်းလှသော ခန်းမဆောင်အလည်တွင်
မယ်တော်ကြီးနှင့်တကွ
အခြား မိဖုရားများ ကိုယ်လုပ်တော် များပါရှိနေကြသည်။
ချီရှန်းက ခြေလှမ်းများကို
ဆက် လျောက်လှမ်းလိုက်သည်။

ချီရှန်းက ပလ္လင်ထက်တွင် ထိုင်ချလိုက်ပြီးမှ

"လုပ်ကြံသူကို ဖမ်းမိတယ်ဆို ဘယ်လိုဖြစ်တာလဲ "

"ဟုတ်တယ် တော်သေးတာပေါ့
ရှောင်ယွီ ကစောစော ရိပ်မိခဲ့လို့ မဟုတ်ရင်
ရှန်းအာကို တစ်ခုခုလုပ်နိုင်တယ် သူတို့......"

*ကျွီ ဟူသော မြည်သံနှင့်အတူ
တံခါးမကြီး ထပ်မံပွင့်လာသည်။

Love, But Hurt (Completed) Season 1Where stories live. Discover now