အပိုင်း ၆၂

20.5K 1.5K 81
                                    

"အိုက်ယား......."

မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်း ချင်း
ဖွင့်လိုက်ရင်းပင်
ကျီယွမ် တယောက်ကုတင်ထက်တွင်
လက်နှစ်ဖက်မြှောက်လျက် ပျင်းကြောဆန့်လိုက်သည်။

ရုတ်တရက် အတွေးတချို့ကြောင့်
မျက်ဝန်းတို့ပြူးကျယ်လာပြီး
ရင်ဘတ်အနားထိဖုံးအုပ်ကာထားသော
စောင်အပါးသားလေးအား လက်နှစ်ဖက်ဖြင့်
ယူလိုက်ပြီး ဦးခေါင်းဖုံးသည်အထိ
ခြုံလိုက်ရင်း ခြေထောက်နှစ်ဖက်က
ကုတင်ကို ကန်ကျောက်နေသည်။

(ရှက်လိုက်တာ....ရှက်လိုက်တာ....အီး....)

"နိုးပြီလား......"

ညှင်သာလှသောထိုအသံကြောင့်
ကျီယွမ် လှုပ်ရှားနေမှုကို ရပ်တန့်လိုက်သည်။
စောင်ကိုဖယ်လိုက်ပြီး
ငုတ်တုပ်ကောက်ထိုင်လိုက်သည်။

ယူချန်းက စားစရာတချို့အား.
စားပွဲပေါ်တွင် ခဏ တင်ထားလိုက်ပြီး
ကျီယွမ်၏ အနားသို့လာထိုင်လိုက်သည်။

"နိုးပြီလား.....အဆင်ပြေရဲ့လား
တနေရာရာက နာနေတာတွေဘာတွေရှိလား
ရှိရင်ငါ့ကိုပြောနော်"

ကျီယွမ်၏ ပါးနှစ်ဖက် နီရဲလျက်ရှိပြီး
ယူချန်းအား ပြန်ဖြေလိုက်သည်။

".....ဘယ်...ဘယ်လိုလုပ်
ရှိမှာလည်း......"

"ဟုတ်လား....အဲ့ဒါဆို...."

"ဘာတွေလည်း.....မနက်စာလား...."

ယူချန်းက ခေါင်းကုတ်လျက်
စဉ်းစားနေချိန်တွင်ပဲ ကျီယွမ်က
အမြန်ပင် ကုတင်ပေါ်မှခုန်ဆင်းကာ
စားပွဲဘေးသို့သွားလိုက်သည်။

ယူချန်းက တွေးတောလျက်

(ငါ့တုန်းက ပထမဆုံးဆိုနည်းနည်း နာတယ်
ကျီယွမ် တကယ်ရောအဆင်ပြေရဲ့လားမသိဘူး
ငါစိတ်မကောင်းဖြစ်မှာစိုးလို့ဖုံးကွယ်တာများလား)

"ဝါး....ယူချန်း...နင့်လက်ရာကတော့
တကယ်ကောင်းတယ်...."

ယူချန်းက ပြုံးလိုက်ပြီး
စားပွဲဘေးနားတွင်ရှိသော ကျီယွမ်အနားသို့
လျှောက်လာခဲ့လိုက်သည်။

"အရင် မျက်နှာသစ်အုန်းလေ
ငါအပြင်မှာရေဖြည့်ပေးထားတယ်
ရေလည်းချိုးလို့ရတယ် ဒါကိုပြီးမှစား...."

Love, But Hurt (Completed) Season 1Where stories live. Discover now