အပိုင်း ၃၄

32.5K 2.4K 271
                                    

"နိုးပြီလား...."

"အင်း........"

အန်းလုတယောက် မျက်စိအစုံကို
ဖွင့်လိုက်ပြီးသည့်နောက်တွင်တော့ကုတင်ဘေးတွင်
ထိုင်ကာ သူ့အားကြည့်နေသော
ချီရှန်းကိုတွေ့ရသည်။

ထို့နောက်ဖြေးညှင်းစွာထလိုက်ပြီး
ချီရှန်းအား မဝံ့မရဲဖြင့်ကြည့်နေသည်။

ပြီးမှသတိရမိပြီးမိမိလည်ပင်းအား
စမ်းကြည့်လိုက်တော့ ချီရှန်းက

"အနာကိုသွားမထိနဲ့လေ
ဒီခန္တာကိုယ်က ငါ့အပိုင် မင်းနဲ့ပတ်သတ်သမျှ
အရာအားလုံးက ငါ့အပိုင်တွေချည်းပဲ
ငါ့ခွင့်ပြုချက်မရပဲ နောက်တခါဒဏ်ရာမရစေနဲ့"

အန်းလု ပတ်တီးစည်းထားသော
လည်ပင်းအားထိမည့်လက်ကို ပြန်ရုတ်လိုက်ပြီး
ပြန်ငြိမ်နေလိုက်သည်။

"အင်းပါ....."

ချီရှန်း၏စကားလုံးတို့သည်
အေးစက်နေသည်။ ဝမ်းနည်းခြင်းတို့လည်း
ကိန်းအောင်းကာနေသေးသည်။
အန်းလုသည်လည်းမိမိလုပ်ထားသည့်
အမှားကိုသိသဖြင့်ယခုအချိန်၌
ရန်တွေ့ရန် မဝံ့ရဲပေ။

ခဏအကြာတွင်ချီရှန်းကထ၍

"မင်းအတွက်ရေခပ်ပေးမယ်"

အန်းလုနိုးလာသည့်အချိန်မှစ၍
ချီရှန်းသည်အန်းလုနှင့်အကြည့်ချင်းမဆုံတော့ပဲ
ရှောင်ဖယ်ကာနေသည်။

ထသွားမည်လုပ်နေသောချီရှန်း၏
လက်အား အန်းလုက ဆွဲလိုက်ပြီး

"ရှန်းရှန်း တောင်းပန်ပါတယ်
ကျွန်တော်မှားသွားပါတယ်"

ချီရှန်းက ကျောခိုင်းထားလျက် ပင်

"မင်းဘာမှားလည်းဆိုတာသိလို့
ငါ့ကိုတောင်းပန်နေတာလား"

"ကျွန်တော်........."

"ဒါဆိုမင်းသိတဲ့အခါကျမှ ငါ့ကိုတောင်းပန်"

ချီရှန်းကအန်းလုလက်ကို
ဖြုတ်ချလိုက်ပြီး သွားရန်ပြင်လိုက်သည်။

အန်းလုက အမြန် ကုတင်ပေါ်၌ပင်
ဒူးထောက်သည့်ပုံစံ ပြင်လိုက်ပြီး
ပေါင်နှစ်ဖက်ပေါ်တွင် လက်သီးစုပ်ကာတင်လျက်
မျက်စိကိုအသေမှိတ်ထားရင်း

Love, But Hurt (Completed) Season 1Where stories live. Discover now