အပိုင်း ၁၇

35K 2.5K 59
                                    

"ဟူး......နေကလည်းပြင်းလိုက်တာကွာ။
ငါတို့ဘယ်တော့များမှ နန်းတော်ထဲပြန်ရမှာလဲ။"

ပူပြင်းလှသော နေရောင်အောင်တွင်လမ်းမကြီး၌ လူအများအပြား တိုးကြိတ်ကာသွားလာနေကြသည်။
လူငယ်လေးအချို့ကမူ စားသောက်ဆိုင်တဆိုင်သို့ဝင်ကာစားစရာနှင့် သောက်စရာအချို့မှာပြီး
ထိုင်ကာ ဗိုက်ဖြည့်တင်းနေကြသည်။ဤသည်မှာ လန်ရှားတို့အဖွဲ့ပေ။
ဆယ်ယောက်ထက်မနည်းသော လူအုပ်ဖြစ်သဖြင့်စားပွဲလေးခုနီးပါး ခွဲထိုင်နေကြသည်။

လန်ရှားနှင့်ချန်ရီတို့မှာခေါင်းဆောင်သူဖြစ်သည့်အလျောက်
နှစ်ယောက်တည်းသာ ထိုင်နေကြသည်။

"ငါတို့ တာဝန်ပြီးမြှောက်တဲ့အခါ ပြန်ရမှာပေါ့ကွာ။"

လန်ရှားက ချန်ရီ၏ ပျင်းရိရိစကားများအားရေနွေးကြမ်းသောက်နေရင်း ပင်ပြန်ဖြေလိုက်သည်။
ချန်ရီက လန်ရှားအားတချက်စောင်းကြည့်လိုက်ပြီးမျက်စောင်းထိုးကာ စားပွဲပေါ်သို့ လက်ထောက်လျက်ပင်
မေးတင်ထားလိုက်သ ည်။

"အရှင်ကလည်း ဘာလို့များဒီလောက်ခေါင်းမာနေရတာလဲ မသိဘူး
ပြီးတော့ငါတို့အခုလို တစ်မြို့ပြီးတစ်မြို့ရှာနေတာတောင်မတွေ့တဲ့ဟာကို ငါထင်တာတော့အဲ့ဒီနေ့ကတည်းကကောင်လေးသေသွားတာဖြစ်လိမ့်မယ် ။"

"လျှောက်မပြောစမ်းနဲ့။"

"ငါပြောတာမဖြစ်နိုင်လို့လား။ မဟုတ်ရင်ငါတို့ ဒီမြို့ပတ်ပတ်လည်မှာရှာနေတာတောင်
တွေ့မှမတွေ့ရတဲ့ဟာကို။"

လန်ရှားက သောက်လက်စရေနွေးကြမ်းပန်းကန်လုံးအား
စားပွဲပေါ်သို့ ပြန်တင်ထားလိုက်ပြီးကောက်ထလိုက်ကာ

"သွားမယ် ဆက်ရှာကြရအောင်။"

ချန်ရီက ခေါင်းပြန်ထောင်လာပြီးလန်ရှားအား မျက်နှာငယ်ဖြင့်မော့ကြည့်လိုက်သည်။

"မြန်မြန်ရှာတွေ့ရင် မြန်မြန်ပြန်ရမယ်။"

"မင်းကလည်းကွာ.... ခဏတော့နားပါရစေဦး။ အပြင်မှာနေအရမ်းပူတယ်ကွ။"

"ဒါဆိုလည်း ညနေထွက်မယ်။"

"အေးပါ အေးပါ။"

Love, But Hurt (Completed) Season 1Where stories live. Discover now