အပိုင်း ၂၄

37.1K 3.1K 155
                                    

ညီလာခံတွင် ချီရှန်းကအမတ်ကြီးများ၏ လျှောက်ထားချက်များကို
နားဆင်ပြီး ပြန်လည် သုံးသပ်ကာ စီစစ်နေသည်။

"အရှင်..... တောင်ပိုင်းနယ်မြေနဲ့အရှေ့ဘက်ပြည်နယ်တွေမှာ မိုးမရွာတာ ၂လခန့်ရှိနေပါပြီ "

"ဒါဆို အကြံပေးအမတ်ကြီးရဲ့ဖြေရှင်းနည်းကို ကြားချင်တယ် ပြောကြည့်ပါ"

ချီရှန်းကတည်ငြိမ်စွာပင်ဆိုသည်။

"ပြောရမှာကို စိုးရွံ့မိပေမဲ့အခုမိုးခေါင်ခြင်းရဲ့ ပြသနာတွေထဲကတစ်ခုက
အရှင်မင်းကြီးနဲ့ မိဖုရားတွေ အတူပေါင်းဖက်ခြင်းမရှိတာကြောင့်လို့လည်း ဖြစ်နိုင်ပါတယ်"

ချီရှန်းက မျက်မှောင်ကြုံလိုက်ပြီး

"ဘာဆိုင်လို့လဲ"

"အခုဆို အရှင်မင်းကြီးက သဘာဝတရားကြီးကိုဆန့်ကျင်နေတာ ခြောက်လနီးပါးရှိနေပါပြီ။
အနောက်ဆောင်မှာရှိကြတဲ့မိဖုရားတွေအတွက်ကိုလည်း ငှဲ့ညှာကြ ည့်သင့်ပါတယ်။
ဒါကြောင့်......"

"ရပြီ တော်တော့မိုးခေါင်တာ ငါကိုယ်တော်မိဖုရားတွေနဲ့မအိပ်တာနဲ့ပဲ ဖြစ်ရတယ်လို့ တကယ်ရယ်ရတာပဲ။
ဒါဆို ပြောကြည့်ပါအုန်းငါကိုယ်တော် မိဖုရားတစ်ပါးနဲ့အိပ်ရင် တကယ်ပဲ
မိုးကရွာလာမှာလား။ ပြီးတော့ အကြံပေးအမတ်ကငါကိုယ်တော်ရဲ့ အတွင်းရေးကိုလည်း
အတိအကျကိုသိနေတာပဲနော့။ ငါကိုယ်တော်တောင် ခြောက်လလောက်ရှိနေပြီမှန်းမသိခဲ့ဘူး"

"အဲ့ဒါက......."

ထိုအချိန် တခြား နက္ခဗေဒင်ပညာရှင်အမတ်တစ်ဦးကထွက်လာပြီး လျှောက်တင်လေသည်။

"အရှင် ကျွန်တော်မျိုးကိုပြောခွင့်ပြုပါ"

ချီရှန်းက နားထင်ကို လက်ဖြင့်ပွတ်နေရင်းခေါင်းညိမ့်လိုက်သည်။

"ခုနက အကြံပေးအမတ်ပြောသလိုပဲဖြစ်သင့်တယ်လို့ထင်ပါတယ် ။
ကျွန်တော် တွက်ချက်မှုအရ ဒီလရဲ့နောက် ရရက်နေရင်ကျရောက်မဲ့
လပြည့်ညမှာ မိဖုရားတစ်ပါးပါးနဲ့ ပေါင်းဖက်ခြင်းကိုပြုမယ်ဆိုရင် အရာအားလုံးပုံမှန် ပြန်ဖြစ်လာနိုင်ပါတယ်။
နိုင်ငံတော်ရဲ့ဥသျှောင်ဖြစ်တဲ့အတွက်ကျွန်တော်မျိုးရဲ့ အကြံဉာဏ်ကိုစဉ်းစားပေးစေချင်ပါတယ်။"

Love, But Hurt (Completed) Season 1Where stories live. Discover now