"အဲ့ဒီလို မဟုတ်ဘူး။အဲ့ဒီလိုမဟုတ်ဘူး။ဒီနားလေးက ဒီလိုမျိုးလေးထင်တယ်။"
"အဲ့ဒါဆိုလည်း ကိုယ့်ဘာသာ သာ ဆွဲပါတော့လားဗျာ ။"
အန်းလု ကျီချန်းခေါ်လာပေးသောပန်းချီဆရာအား ပုံဆွဲခိုင်းရင်း
ဘေးမှ အားမရသည့်နှယ်ပြောပြနေသည်။"ဆရာကလည်း ကျွန်တော် မဆွဲတက်လို့ပေါ့။ ဆွဲတက်မှတော့ ဆရာ့တောင်ခေါ်မနေတော့ဘူး။"
"အဲ့ဒါဆိုလည်း အရမ်းလျှာမရှည်နဲ့လေ။သေချာကျတော့လည်း
မပြောပြဘူး ။ဒီလိုလားဆိုတော့လည်း မဟုတ်ပြန်ဘူးနဲ့ ။""ဟားဟားဟား....... "
အခန်းတံခါးဝတွင် မက်တပ်ရပ်နေသောကျီချန်းက မအောင့်နိုင်သည့်အဆုံး
အသံထွက်ကာအော်ရီလာတော့သည်။အန်းလုကနောက်လှည့်ကြည့်လိုက်ပြီး"ဘာရယ်တာလဲ။"
ကျီချန်းက လက်နှစ်ဖက်ကို ယမ်းလိုက်ပြီး
"ဘာမှမဟုတ်ဘူး.ဘာမှမဟုတ်ဘူး။ဆက်ပြောဆက်ပြော ခွီး........"
အန်းလုက ကျီချန်းအား မျက်စောင်းတချက်ထိုးပြီးပန်းချီဆရာကို ပြန်ပြီးပြောပြနေသည်။
ပုံလေးတစ်ပုံမို့သာ ညနေဘက်ကစဆွဲသည်မှာ ယခုမိုးပင်အတော်ချုပ်နေပြီဖြစ်သည်။ပန်းချီဆရာလည်း မိမိပန်းချီဆရာလုပ်ခဲ့သည့် သက်တမ်းတလျှောက် ဤမျှလောက်
စိတ်ရှုပ်စရာမရှိခဲ့ဟု ဆိုကာ နောက်သူ့အား ထပ်မခေါ်တော့ဖို့ပါ ပြောလေသည်။
ကျီချန်းက ဆရာအားနှစ်သိမ့်ပေးရင်းငွေအချို့အား ပေးသင့်သည်ထက်ပိုပေးလိုက်သော
အခါတွင်မှ ပန်းချီဆရာ ၏ မျက်နှာကပြန်လည်ရွှင်လန်းလာကာ ငွေကိုလက်ခံပြီးထွက်သွားတော့သည်။အန်းလုကမူ ထိုပန်းချီအားဘေးနှစ်ဖက်မှကိုင်၍အပေါ်အောက် လှန်လိုက် ဟိုဘက်သည်ဘက်
စောင်းကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။ကျီချန်းပြန်ဝင်လာသည်ကိုမြင်သောအခါတွင်မှ"အကိုချန်း ဘာဆက်ဖြစ်မှာလဲ။"
"ကိုယ်ကဘယ်လိုလုပ်သိမှာလဲ။ .မင်းဘာသာအဖြေရှာရမှာလေ။"
အန်းလုကပန်းချီကို အခန်းနံရံထက်တွင် ချိတ်ဆွဲလိုက်ပြီး
လက်တဖက်က ခါးကိုထောက်ကာတဖက်ကမေးကိုပွတ်နေသည်။
YOU ARE READING
Love, But Hurt (Completed) Season 1
Romanceရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း.....ဖြစ်တည်လာတဲ့ တခုတည်းသောတောင်းဆုက မင်းပဲ...... အန်းလု ရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း..... ဖြစ်တည်လာတဲ့တစ်ခုတည်းသောတောင်းဆုက မင်းပဲ.....အန်းလု