အပိုင်း ၃၂

36.4K 2.5K 247
                                    

"အန်းလု...ဘယ်လိုလည်းနေလို့ကောင်းသွားပြီလား"

"အာ....လော့လော့ပါလား...လာလေ"

အန်းလုတယောက် ချီရှန်း၏
ကုတင်ထက်တွင် ကျောမှီလျက်ထိုင်နေရင်းမှ
အပြင်ဘက်သို့ငေးကြည့်နေမိသည်။

ဤအချိန်သည် ချီရှန်း၏
မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်များရှိသည့်အတွက်
သူ့အားမဖော်မလုပ်ပေးနိုင်ချေ။

ထိုအချိန်တွင် လက်ထဲ၌ စားစရာအချို့
သယ်ဆောင်ကာရောက်လာသူကအားလော့ပေ။

အန်းလုက ယခုအချိန်အထိ
ပုံမှန်အတိုင်း လမ်းလျောက်နိုင်ခြင်းမရှိသေးပေ။
ချီရှန်းကလည်း ကုတင်ပေါ်မှ
လုံးဝပင်ဆင်းခွင့်မပြု။

ညီလာခံတက်ရမည့်အချိန်မှလွဲ၍
ကျန်အချိန်များတွင် အန်းလုကိုသာအဖော်ပြုပေးသည်။
ဒဏ်ရာများအား ဆေးထည့်ပေးခြင်း
အဝတ်လဲပေးခြင်း စသည်တို့ကို
မည်သူ့ကိုမျှလုပ်ကိုင်ခွင့်မပေး

အန်းလုအား သူကိုယ်တိုင်ပင်
ဂရုတစိုက် လုပ်ပေးသည်။

အားလော့က ကုတင်စွန်းနားတွင်ထိုင်လိုက်ပြီး
ကိုင်ဆောင်လာသော ပန်းကန်လုံးလေးအား
ဘေးတွင်ရှိသော စားပွဲပေါ်သို့
တင်လိုက်ကာ အန်းလုအား

"အန်းလု....ငါနင့်အတွက် စွပ်ပြုတ်လုပ်လာပေးတယ်
အရှင်ကလည်း နင့်ကိုဂရုစိုက်တယ်ဆိုပေမဲ့
အာ့နေ့ကငါနင့်ကိုမကူညီနိုင်ခဲ့လို့
တောင်းပန်ပါတယ်

အာ့ကြောင့်ဒါလေးက ငါ့စေတနာလေး"

အန်းလုက ပြုံးလိုက်ပြီး

"အင်း ကျေးဇူး ဒါနဲ့ လော့လော့
ရှောင်ယွီ ရော သူ...သူ...ဘာဖြစ်သွားပြီလည်း"

အားလော့ အနည်းငယ်မဲ့သွားပြီး
ထိုသူအားရွံရှာသောပုံစံဖြင့်ပြောလာသည်။

"သူလား...နင့်သူ့အတွက်ပူပေးမနေနဲ့တော့
သူကအရှင့်ကို လိမ်ခဲ့တာလေ

အခုဆို နန်းတော်တစ်ခုလုံးသူအရှက်မရှိတဲ့အကြောင်း
အားလုံးကသိကုန်ပြီ

အခု အချုပ်ခန်းထဲမှာ
ပြောတာတော့ အသက်တောင်ငွေ့ငွေ့ပဲကျန်တယ်တဲ့

Love, But Hurt (Completed) Season 1Where stories live. Discover now