အပိုင်း ၄၅

27.4K 2.3K 207
                                    

"တကယ်လား....."

"ဟုတ်ပါတယ် ကျွန်မတခြားအပျိုတော်တွေ
ပြောနေကြတာကို ကြားခဲ့တာပါ"

ကျင်းဟွားလင်အား အထိန်းတော်မာ မှ
ချီရှန်းနှင့် အန်းလုတို့ အကြောင်းကို
ပြောပြနေသည်။

သူမကဆက်၍ပြောလာသည်။

"အရှင်နဲ့ ကိုယ်လုပ်တော်လု
ရန်ဖြစ်ထားကြတယ်ဆိုတာသေချာတယ်

ယုံးယွမ် အဆောင်နားကို
စုံစမ်းခိုင်းထားတဲ့သူတွေပြောချက်အရ
ကိုယ်လုပ်တော်လု က အရှင့်ကို အတွေ့မခံတာ
သုံးရက်နီးပါးရှိနေပြီတဲ့

အရှင်ကလည်း တံခါးမကြီး ကနေအထဲကို
ကြည့်ရုံကြည့်ပြီး ပြန်သွားလေ့ရှိတယ်တဲ့"

ဟွားလင်ကထိုစကားကကြားတော့
အသာပြုံးလိုက်သည်။

"ဟမ့်....သူ့လိုအဆင့်ကများ
ကိုကိုချီရှန်း ကို ဥပက္ခာပြုရတယ်လို့
သူ့ကိုယ်သူအဟုတ်ကြီးထင်နေတာဖြစ်မယ်

ကြည့်ရတာပေါ့ ငါသူ့ကို သူ့နေရာသူသိသွားအောင်
ဘယ်လိုသွန်သင်ပေးမလည်းဆိုတာ"

အထိန်းတော်မာ ကအလန့်တကြားပုံစံဖြင့်
ဆိုလာသည်။

"ဖြစ်ပါ့မလား မိဖုရားခေါင်းကြီး
ကျွန်တောမျိုးမ အရင်ကအကြောင်းတစ်ခုကို
ကြားသိခဲ့ရတယ် "

ဟွားလင်က မျက်မှောင်ကျုတ်လျက်

"ဘာအကြောင်းလည်း "

"အဲ့တာကလေ.....ဒီမှာအရင်က
ရုတ်တရက် မြှောက်စားခံလိုက်ရတယ့်
ရှောင်ယွီ ဆိုတဲ့ မိဖုရားတစ်ပါး ရှိတယ်

သူက အခု ကိုယ်လုပ်တော် အန်းလုကို
ဒုက္ခ ပေးခဲ့လို့ အခုသူ့ရဲ့
အစအနတောင်ရှာလို့မတွေ့အောင်
ပျောက်သွားတာတဲ့"

"အာ့လို အကြောင်းတွေရှိသေးတာလား"

"ဟုတ်ပါတယ် "

ဟွားလင်က မှန်ကိုကြည့်လျက်ပင်
မဲ့ပြုံးပြုံးလိုက်ပြီး

"အာ့တော့လည်းဘာဖြစ်လည်း
ငါကသူတို့လိုအဆင့်နိမ့်တဲ့ဟာတွေမှမဟုတ်တာ

အဆင့်တူချင်း လုယက်နေကြတာပဲ
ငါကသူတို့လိုမဟုတ်ဘူးလေ

ပြီးတော့ ကိုကိုချီရှန်း ကငါ့ကို
ဘယ်တော့မှသတ်မှာမဟုတ်ဘူး
ထိခိုက်အောင်လည်း မလုပ်ဘူး ငါသိတယ်"

Love, But Hurt (Completed) Season 1Where stories live. Discover now