အပိုင်း ၅၇

22.8K 2K 124
                                    

"သမားတော်ဝူ လာပြီလား
မြန်မြန် မြန်မြန် ကိုယ်လုပ်တော်လုကို ကြည့်ပေး"

"ဟုတ်ကဲ့ပါ အရှင်"

အားလော့ ခေါ်လာသော သမားတော်ဝူ အား
ချီရှန်း ကုတင်နားမှ အမြန်ဖယ်ပေးကာ
စမ်းသပ်စေလိုက်သည်။

သမားတော်ဝူ ကအမြန်ပင်
အန်းလုအနားသို့လျောက်လာလိုက်ပြီး
အန်းလု၏ လက်ကောက်ဝတ် အား
စမ်းသပ်လိုက်သည်။

ချီရှန်းကတော့ လက်သီးနှစ်ဖက်ဆုပ်ကာ
သမားတော်၏ အဖြေကိုစောင့်ဆိုင်းနေသည်။

သမားတော်ဝူ ကချက်ချင်းလက်ပြန်ရုတ်လိုက်ပြီး
အတော်ထိတ်လန့်သွားသည့်ပုံစံဖြင့်
ချီရှန်းအား တချက်ကြည့်လိုက်သည်။

"ဒါ....ဒါက.....ကျွန်တော်မနေ့က
စမ်းသပ်တုန်းက ကိုယ်လုပ်တော်လု တကယ်ပဲ
အသက်မရှိတော့တာပါ ဒါပေမဲ့ အ..အခု...က"

"အခုကဘာဖြစ်လည်း....မြန်မြန်ပြော"

သမားတော်ဝူ က ချီရှန်းအား
ဂါရဝပြု လိုက်ရင်း

"တကယ်ကို ဖြစ်ရပ်ဆန်းကြယ်ပါအရှင်
ဝမ်းသာမိပါတယ် ကိုယ်လုပ်တော်လု အသက်အန္တာရယ် စိုးရိမ်ရမှုကနေ လွတ်မြောက်သွားပါပြီ

ဒဏ်ရာကို ဆေးစည်းဖို့ ကျွန်တော်
အတက်နိုင်ဆုံးကြိုးစားပါ့မယ်

သွေးခုန်နှုန်းလည်း တဖြည်းဖြည်း
တည်ငြိမ်လာပါတယ်"

"ကောင်းတယ် အရမ်းကောင်းတယ်
သမားတော်ဝူ လုပ်စရာရှိတာတွေ အမြန်ဆုံးလုပ်ပါ"

"ဟုတ်ကဲ့ပါ အရှင် ပြင်ဆင်စရာတွေအတွက်
ပြင်ဆင်ဖို့ခွင့်ပြုပါအုန်း"

"အင်း...သွားတော့"

ချီရှန်းက အမြန်ပင် အန်းလုအနားသို့
ပြန်သွား ကာ ဘေးတွင် ထိုင်နေလိုက်သည်။
အန်းလုလက်ကလေးအား
တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လျက်

သမားတော်ဝူ က အန်းလုအား
တချက်ကြည့်ပြီး

(မြှားကသူ့ရဲ့ နှလုံးတည့်တည့်ကို
တလက်မနီးပါး စိုက်သွားခဲ့တာ ဘယ်နည်းနဲ့မှ
အသက်မရှင်နိုင်လောက်ပါဘူး
ပြီးတော့ မနေ့က တကယ်ပဲ အသက်မရှိတော့တာ
ငါကိုယ်တိုင်စမ်းသပ်ခဲ့တာပဲ
ဘာလို့များ.......)

Love, But Hurt (Completed) Season 1Where stories live. Discover now