ILBC International School,
ညနေ ၄ နာရီအချိန်ခန့် ကလေးတွေ ကျောင်းဆင်းချိန် ဖြူဖြူစင်စင်ကလေးလေးတွေ
လွယ်အိတ်လေးကိုယ်စီလွယ်လျက် ကျောင်းပေါက်ဝဆီ အသီးသီးထွက်လာကြပြီ ။
ငယ်ရွယ်သူလေးတွေမို့ မိမိတို့မိဘတွေဆီ ဘယ်သူအရင်ရောက်ရောက် အပြေးလာကြပြီ ။ထိုထဲမှ ကောင်လေးတစ်ယောက် အပြင်သို့ရောက်စဉ် ဟိုကြည့်ဒီကြည့်တစ်စုံ တစ်ယောက်ကိုရှာနေသည့်ပုံစံ
"သခင်လေး ဒီမှာခင်ဗျ သခင်လေး "
ခေါ်သံကြောင့် ထိုကလေးလေး လှည့်ကြည့်သည်။
ထိုခေါ်သူ၏အနောက်ကို ကျော်ကြည့်ကာ တစ်ယောက်ယောက်ကိုရှာရင်း ကားနားကို ဖြေးဖြေးချင်လာသည် ။"ဘဘ သားသားမေမေရော"
"ရှိပါတယ် သခင်လေး
ဒီနေ့ သခင်မကြီးက အလုပ်ရှိလို့
ဘဘ လာကြိုတာ ""ဟုတ် "
"လာ သခင်လေး ကားပေါ်တက်
ဘာများစားချင်သေးလဲ ""မစားတော့ဘူး ဘဘ
အိမ်ပဲပြန်မယ် "စံအိမ်ရောက်သော် ကားပေါ်မှအပြေးဆင်းကာ
"မေမေ မေမေရေ သားသားပြန်လာပြီ "
ဧည့်ခန်းထဲမှာ ဖေဖေတစ်ယောက်တည်း ထိုင်နေသည် ။ မေမေ့ကိုမတွေ့တာကြောင့် အပေါ်ထပ်တက်ကာ ရှာမိပြန်သည် ။
မတွေ့ပြန်တော့ ဧည့်ခန်းဆီပြန်လာကာ"ဖေဖေ မေမေရောဟင်
မေမေဘယ်သွားတာလဲဟင် ""ရှိပါတယ် သားလေးရဲ့ မေမေဒီမှာလေ "
အနောက်မှမေမေ့စကားသံကြောင့် မေမေဆီကိုပြေးကာ
"မေမေ ဒီနေ့ဘာလို့ သားသားကိုလာမကြိုတာလဲ"
"ကလေးကိုမင်းထိစရာမလိုဘူး သစ္စာ
ထွက်သွားမှာဖြင့်ထွက်သွား အခုထိဒီမှာရှိနေတာကိုမလိုတော့တာ""သားလေးကို နှုတ်ဆက်မလို့ပါ
ဒါပြီးရင် သွားမှာ ""မလိုဘူး !! အဓိပတိဘွား ဒီနားလာခဲ့စမ်း "
ဖေဖေခေါ်နေပေမယ့်လည်းမသွားပဲ မေမေ့ကိုသာ
အတင်းဖက်ထားမိသည် ။"ခေါ်နေတာ မကြားဘူးလား
လာကြစမ်း ကလေးကိုခေါ်ပြီး အခန်းထဲခေါ်သွားကြစမ်း "
YOU ARE READING
ကိုယ့်ရဲ့ ကြွေရုပ်
Romanceငယ်ကတည်းက လိုချင်တာမရရအောင် ယူတတ်သူ မင်းဓန မိဘတွေဆုံးပြီးတဲ့နောက် သနားစရာ သျှင်မင်းဆက်ကို မွေးစားလိုက်တယ် မင်းဓနကို ကျေးဇူးပြန်ဆပ်ချင်လို့ ရည်ရွယ်ချက်ရှိရှိ အဓိပတိဘွားကို ချည်းကပ်ရင်း တကယ်ချစ်မိသွားသူ သျှင်မင်း နှစ်တွေကြာလာတာနဲ့အမျှ သျှင်မင်းဆက်ကိ...