💗 8 💗

20.7K 1.6K 123
                                    

ကိုယ်ပေးထားတဲ့ ကတိကြောင့် ကဗျာ ပို့တဲ့ message အတိုင်းလာတော့ Cafe ဆိုင်ပဲ
ခေါ်မယ့်ခေါ်လည်း နှစ်ယောက်လုံးစားရတဲ့ဆိုင်ကို မခေါ်ဘူး ၊ မကြိုက်တဲ့ cafe ဆိုင်ကို ခေါ်တယ်
ဆိုင်ရှေ့ရောက်တော့ သူက မလားသေး
ကားပေါ်မှာလည်း ထိုင်မစောင့်ချင်တာနဲ့
ဆိုင်ထဲဝင်လိုက်သည် ၊ မနက်ပိုင်းဆိုတော့
လူသိပ်မရှိသေးဘူး ၊ အထဲရောက်တော့ မဆိုးဘူးပဲ
ဆိုင်လေး တော်တော်လှတယ် ၊ တိတ်လည်း တိတ်ဆိတ်တယ်

"ဟို ဘာများသုံးဆောင်မလဲ ရှင့် "

"လူတစ်ယောက်လာဦးမှာ သူလာမှ မှာမယ် "

"ဟုတ်ကဲ့ "

💕

အတွေးတွေများပြီး အဝတ်အစားလဲတာ တစ်နာရီလောက်ကြာသွားတယ်

"ပေါက်စရေ ice expresso ခါးခါးလေးတစ်ခွက်
ဖျော်လိုက်ဦး မမတော့ သွားမွှန်လိုက်ဦးမယ် "

## Note

တခြားသူမှာတာပါ ##

"ဟုတ်ကဲ့ပါဗျာ "

ကျွန်တော်ဖျော်နေတုန်း မျက်လုံးအကြည့်က
ကျွန်တော့်မျက်နှာချင်းဆိုင်မှာ ထိုင်နေသောလူဆီ
ကြည့်မိသည် ၊ ဘေးတစောင်းတွေ့နေရတာတောင်
ငေးယူရလွန်းတယ် ၊ စိတ်ထဲ တွေ့ဖူးသလိုလို
ဘယ်သူ နဲ့ တူနေပါလိမ့်

ဟင် သူ သူ သူမဟုတ်လား တိုက်ဆိုင်လိုက်တာ
ဒီလို ချက်ချင်းကြီးတွေ့ရမယ်လို့ မထင်ထားဘူး
ဘယ်လိုလုပ်ရမလဲ တည့်မေးလိုက်ရမလား
မဖြစ်သေးဘူး သူ့ပုံစံကအရေးလုပ်မယ့်ပုံမပေါ်ဘူး
ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ
အား ထွက်စမ်း ညဏ် နီ ပြာ ဝါ စိမ်း ထွက်စမ်း
ခင်အောင် အရင်လုပ်ရမလား မိတ်ဆွေဖွဲ့ရမလား
ဒီတိုင်းပဲ နေလိုက်ရမလား ၊ နောက်ကျ ပြန်တွေ့ဖို့လည်း မသေချာဘူး အား ဘယ်လိုလုပ်ရမလဲ

"သျှင်မင်းဆက် ဘာလုပ်နေတာလဲ
ဖိတ်ကုန်ပြီ ပေးတော့ သွားပေးပေးမယ် "

"အာ ဟုတ်သား ဖိတ်ကုန်ပြီ
ရတယ် အကို ကျွန်တော်ပဲ သွားပေးလိုက်မယ် "

"အင်း အင်း အဲဆိုလဲ သွားတော့
ထောင့်နားက အမကြီးနော် ဒီဘက်က အကိုမဟုတ်ဘူး "

ကိုယ့်ရဲ့ ကြွေရုပ်Where stories live. Discover now